ကျန်းမာရေးအတွက် ကောင်းမွန်ရေး စိတ်ဖိစီးမှုလျှော့ချပေး


စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ သင့်ခန္ဓာကိုယ်က ကော်တီဇောလို့ ခေါ်တဲ့ ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက အဆီထုတ်လုပ်မှုကို တိုးစေပြီး အစာစားချင်စိတ် ကိုလည်း ပိုများ စေပါတယ်။ ဒီအခါ ပိုလျှံနေတဲ့ အဆီတွေကို ယေဘုယျ အားဖြင့်တော့ ဗိုက်နေရာမှာ သိုလှောင်ထားတဲ့ အတွက် ဗိုက်ထွက်လာပါတယ်။

စိတ်ဖိစီးမှုဟာ ဗိုက်မှာ အဆီစုခြင်း အတွက် အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် သင့်ဗိုက်က အဆီတွေကို လျော့စေချင်ရင် သင့်ရဲ့စိတ်ဖိစီးမှုကို လျော့စေမယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းက စိတ်ဖိစီးမှု လျော့ကျဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ခန္ဓာကိုယ် လေ့ကျင့်ခန်း အပြင် အသက်ရှူ လေ့ကျင့်ခန်းကလည်း ကူညီနိုင်ပါတယ်။

အသက်ကို ပြင်ပြင်းနဲ့ နက်နက်ရိုင်းရိုင်းရှူသွင်း ရှူထုတ်တာကို တစ်ကြိမ်မှာ ငါးမိနစ်ခန့်နဲ့ တစ်နေ့ သုံးကြိမ်ခန့်လုပ်ပါ။ ဒီနည်းဟာ ဝမ်းဗိုက်အဆီတွေ လျော့ကျဖို့ နည်းလမ်းနှစ်မျိုးနဲ့ လုပ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ