အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြင်ကိုက်၍ဖြစ်သောရောဂါကြောင့် ၁၆ ဦးသေဆုံး


မဏိပူရပြည်နယ်နှင့် ထိစပ် လျက်ရှိသော အိန္ဒိယ-မြန်မာနယ် စပ်တွင် ခြင်ကိုက်၍ဖြစ်သော ရောဂါကြောင့် ၁၆ ဦးသေဆုံးခဲ့ ကြောင်း မဏိပူရပြည်နယ် ကျန်းမာရေးဦးစီးဌာနက သတင်း ထုတ်ပြန်သည်။
မဏိပူရပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံနှင့်ထိစပ်နေသောဒေသ များတွင် အဆိုပါရောဂါကို စတင် သတိပြုမိခဲ့ခြင်းဖြစ်ကာ နယ်စပ် ဖြတ်ကျော်ကာ အပြန်အလှန်ကူး သန်းမှုပြုလုပ်ခြင်းကြောင့် ရောဂါ ကူးစက်ပြန့်ပွားခြင်းဖြစ်ကြောင်း ယူဆထားသည်။မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးက နှစ်နိုင်ငံ နယ်စပ်ရှိကျေးရွာများတွင် ရောဂါ ကြောင့် ၁၆ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည့်အပြင် ရောဂါ ကူးစက်ခံရသူ လေးဦးရှိကြောင်း ပြောသည်။ မဏိပူရပြည်နယ် ဝန်ကြီးချုပ်သည် အဆိုပါရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် သေဆုံး မှုများဖြစ်ပေါ်ကြောင်း အတည်ပြု နိုင်ခဲ့ပြီးနောက် အရေးပေါ်အစည်း အဝေးခေါ်ယူကာ ရောဂါထိန်းချုပ် ရေးအတွက် ပြင်ဆင်မှုများပြုလုပ် ရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ အိန္ဒိယ-မြန်မာ နယ်စပ်ရှိကျေးရွာများတွင် အဆိုပါ ရောဂါကူးစက်ခံရသူ ၂ဝဝ ခန့် ရှိသည်ဟု ယူဆထားခြင်းကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။

The Union Daily
https://www.facebook.com/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ