ရာသီ တုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်းထုတ်ပြန်


ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009)ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထူး ဦးစားပေးပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများအား ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်တွင် Seasonal Influenza A(H1N1) pdm 2009-Positive ဖြင့် ဆေးကုသမှုခံယူနေသော ဧရာဝတီ တိုင်းဒေသကြီးမှ အသက် ၄၃ နှစ်အရွယ် အမျိုးသား လူနာ တစ်ဦးသည် ယနေ့နံနက် ၉ နာရီတွင် ပြင်းထန် အဆုတ်ရောင် ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၅ ရက်မှ ယနေ့ထိ ချင်းပြည်နယ် မတူပီမြို့နယ်တွင် သံသယတုပ်ကွေး ရောဂါဖြစ်ပွားသူ ၃ဝဝ ခန့် အနက်မှ ၁ဝ ဦးတွင် Seasonal Influenza A( H1N1) pdm 2009-Positive တွေ့ရှိခဲ့သည်။

ဇူလိုင် ၁၉ ရက်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းပိုး ဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့် လူနာ ၁၆ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် ကိုးဦးသည် Seasonal Influenza A(H1N1) pdm 2009- Positive တွေ့ရှိခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း၊ အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)တွင် လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင် ရောဂါ (Severe Acute Respiratory Illness) ဖြင့် လူနာနှစ်ဦးအား ကုသမှုပေးခဲ့ရာ ၎င်းတို့အနက် တစ်ဦးသည် Seasonal Influenza A(H1N1) pdm 2009- Positive တွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက် မှစတင်၍ ခုတင်-၅၅ဝဆံ့ ကလေးရောဂါ အထူးကုဆေးရုံကြီး (ရန်ကင်း)တွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာနှစ်ဦးအား ကုသမှုပေးခဲ့ရာ တစ်ဦးသည် Seasonal Influenza A(H1N1) pdm 2009- Positive တွေ့ရှိခဲ့ကြောင်း၊ ဇူလိုင် ၁၈ရက်မှစတင်၍ အထွေထွေ ရောဂါကု ဆေးရုံကြီး (မြောက်ဥက္ကလာ)တွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့် လူနာတစ်ဦးအား ကုသမှုပေးခဲ့ကြောင်းနှင့် ယနေ့အထိ ရန်ကုန်မြို့ပေါ်ရှိ အထက်ပါ ဆေးရုံကြီးများတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့် စုစုပေါင်းလူနာ ၂၁ဦးအား ကုသမှုပေးခဲ့ရာ Seasonal Influenza A(H1N1) pdm 2009-Positive စုစုပေါင်းလူနာ ၁ဝ ဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးသေဆုံး ခဲ့ကြောင်းသိရသည်။

ယနေ့ညနေပိုင်းအထိ တစ်နိုင်ငံလုံးတွင် ရရှိသော အချက်အလက်များအရ Seasonal Influenza A(H1N1) pdm 2009- Positive စုစုပေါင်းလူနာ ၂ဝရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူလူထု အနေဖြင့် နေ့စဉ်ထုတ် သတင်းစာများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် Myanmar CDC facebook စာမျက်နှာများတွင် ထုတ်ပြန်ထားရှိသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက် များကို လိုက်နာဆောင်ရွက်သွားကြရန်၊ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ချက်ချင်း သတင်းပေးပို့ ကုသမှုခံယူရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ ဆက်လက် သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ