Kidney cysts ကျောက်ကပ်ရေအိတ်


၁။ ကျမ အခု ထွာလ်ဆောင်းရိုက်ထားတဲ့ပုံပါ။ ကျောက်ကပ်ရေအိတ်တည် တာလို့ပြောပါတယ်။ စိုးရိမ်ရပါသလားဆရာ။ ကျမအသက်က 32 ပါ။ ဓမ္မတာမှန်ပါတယ်ဆရာ။ ဗိုက်တွေတော့ ပြည့်တင်းနေသလို အမြဲခံစားရပါတယ်။

အသက်-ကျား-မ-အိမ်ထောင်ရေး အရင်ဆုံးမရေးတာတိုင်းကို ၂ ခါထပ်ဖတ်ရတယ်။ အချိန် ၂ ဆကုန်နေရတယ်။ မေးတဲ့သူ ရာသီ မသိ။ အိမ်ထောင်ရေး စတာ မသိပါ။ ဖြေရန်မလိုတော့ပါ။

၂။ မင်္ဂလာပါဆရာ။ ကျမ အသက် ၃၄နှစ်ပါ။ အိမ်ထောင်မရှိ။ ရာသီတလထဲတွင်နှစ်ခါ ရက်ပိုင်းနှစ်ဆယ်လောက်သာ ခြားလာပြီး မေ (၁၆) တွင် ဆယ်ရက်တကြိမ်လာနေ၍ OG နှင့်ပြခဲ့ပါသည်။ OG မှ သွေးဆေးမသောက်ရန် မှာကြားပြီး Vizicon ဆေး ပြီး Ultrasound ရိုက်ပြီး ပြန်လာပြခိုင်းပါသည်။ အဖြေမှာ ညာဘက်ကျောက်ကပ်တွင် အမှုန်အနည်းငယ်ရှိ၍ ဘယ်ဘက် ကျောက်ကပ်တွင် ရေအိတ်သုံးလက်မခန့်ရှိနေလို့ ဆီးနှင့် ကျောက်ကပ်ဆရာထံ ထပ်လွှဲပါသည်။ ထိုဆရာမှ EvoFix 400mg ပေးပြီး တပတ်စောင့်ကြည့် ပြီး အခြေအနေမကောင်းရင် ထုံဆေးနဲ့ ဖောက်ထုတ်မယ် ပြောပါသည်။ ဖောက်မထုတ်ပဲ သောက်ဆေးအမျိုးအစားအမည်ရယ်၊ အကယ်၍ မဖောက်ထုတ်ပဲ ဒီတိုင်းဆက်ထားမယ်ဆို ဆိုးဆိုးဝါးဝါး ခံစားရမှုမျိုးတွေဘာတွေဖြစ်နိုင်ပါလဲ။ ကလေးမရနိုင်တာ တွေထိပါရှိလာနိုင်မှာလား။ ရေအိတ်ကြောင့် ရာသီခဏခဏလာနေရခြင်းလား။ ရှေ့ဆက်လုပ်သင့်တာ ပြုမှုနေထိုင်သင့်တာတွေကို ကျေးဇူးပြု၍ညွှန်ကြားပြီးရှင်းပြပေးပါဆရာ။ Ultrasound Result ကို ပုံနှင့်တကွ ပူးတွဲပေးလိုက်ပါတယ်ရှင်။

ကျောက်ကပ်ရေအိတ်ဟာ ရှားရှားပါးပါး အရေးကြီးတဲ့မူမမှန်ရောဂါနဲ့ တွဲရှိနေနိုင်တယ်။ ဒါပေမယ့် အများအားဖြင့် ဒုက္ခမပေးပါ။ တဖက်တည်းရော နှစ်ဖက်လုံးမှာပါရှိနိုင်တယ်။ ဘာလို့ဖြစ်သလည်း ရှင်းရှင်းလင်းလင်းမသိပါ။

Polycystic kidney disease ခေါ်အရည်အိတ်လေးတွေအများကြီးရှိတာနဲ့ မတူပါ။ (ပေါ်လီဆစ်စတစ်) ကျောက်ကပ် ရောဂါဆိုတာ မျိုးဗီဇရောဂါတခု ဖြစ်ပါတယ်။

ရိုးရိုးရေအိတ်က တခြားအကြောင်းတခုခုအတွက် စမ်းသပ်ရင်း တွေ့တာများတယ်။ ခံစားနေရတာလည်းမရှိတာများတယ်။ ခံစားရတာရှိတယ်ဆိုရင် ခါးနောက်ကထုံပြင်းပြင်းနာမယ်။ ဖျားမယ်။ ဗိုက်ပါအောင့်မယ်။

ကံမကောင်းရင် ဆက်တွဲဖြစ်နိုင်တာတွေတော့ရှိတယ်။ ရေအိတ်ကိုပိုးဝင်လို့ ကိုယ်ပူမယ်။ နာမယ်။ ပေါက်ထွက်လို့ ဆီးလမ်းကြောင်းကို ဆို့နေနိုင်တယ်။

ခံစားနေရတာရှိမှသာ ကုသဘို့လိုတယ်။ ဖေါက်ပြီးအရည်ထုတ်ပေးနည်းလုပ်တယ်။ အထဲကို (အယ်လ်ကိုဟော) ထိုးထည့်ပေးမယ်။ ကျောက်ကပ်အရည်အိတ်ကကြီးနေရင် ခွဲထုတ်ပေးရတာလည်းရှိတယ်။ ကင်မရာပါကိရိယာသုံး ခွဲနည်းလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ