Ovulation Date မျိုးဥမေးခွန်း


၁။ ကျွန်မ အသက်က ၃ဝ၊ အမျိုးသားက ၃၃ ပါ။ အိမ်ထောင်ကျတာတော့ ၃ နှစ်ရှိပြီး အခုထိ ကလေး မရသေးပါ။ မျိုးဥကြွေ မကြွေကို ovulation Test နဲ့ ၂ ရက်စမ်းသပ်ရာ ၂ ရက်လုံး positive အဖြေရပါတယ်ဆရာ။ သိချင်တာက positive အဖြေရပြီး ဘယ်နေ့ကစလို့ အ တူတူနေရမလဲကိုပါ။ Positive အဖြေရပြီး ဘယ်ရက်လောက်မှာ မမျိုးဥ ကြွေနိုင်သလဲကိုပါရှင့်။ ပြန်ကြားပေးပါဦးဆရာ။ လေးစားစွာဖြင့်။

၂။ ဆရာမင်္ဂလာပါရှင့် သမီးအသက်က ၂၇ ထဲမှာပါ။ အိမ်ထောင်ကျတာ ၁ နှစ် ၄ လရှိပါပြီ။ တားဆေးလဲမစားဘူးပါ။ ကလေးလဲလိုချင်နေလို့ပါ။ သမီးကရာသီရက်ကလည်း မမှန်ပါဘူး။ ၆ လပိုင်းက ၂ ရက်နေ့ ကစပါတယ်။ ခု ၇ လပိုင်းမှာ
၆ ရက်နေ့ ကစပါတယ်။ မနေ့ ကပေါ့။ ရာသီကတော့ ၁ လကို ၃ ရက်ပေါ်ပါတယ်။ အဲဒါဘယ်ရက်လောက်မှာ သားဥကြွေတက်လဲမသိလို့ပါရှင့်။ သားဥကြွေတဲ့ရက်ကို အကြမ်းဖျင်းသိချင်ပါတယ်ရှင့်။ စကားလုံးရိုင်းတာများပါရင် ခွင့်လွှတ်ပါရှင်။

မျိုးဥ၊ သားဥ အတူတူဖြစ်တယ်။ အမျိုးသမီးတိုင်း အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့အထိ မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခု ဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလည်း ဒီရက်ကိုသိမှ စိတ်ချနိုင်တယ်။ ရာသီရက်တွက်ရင် သွေးစဆင်းတဲ့နေ့ကို ပဌမနေ့လို့ သတ်မှတ်တယ်။

• ၃ဝ% လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူမနေသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူနေသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Ovulation test မျိုးဥထွက်-မထွက် စမ်းသပ်ကိရိယာနဲ့ မျိုးဥထွက်-မထွက်စမ်းနိုင်တယ်။
• တစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။
• အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေ တွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ စမ်းသပ်လိုင်းက အကိုးအကားလုပ်ရမဲ့လိုင်းတက် နဲနဲမှိန်တယ်။ အပေါင်းပြတယ်ဆိုတာ LH ဟော်မုန်း တက်လာလို့ ခေါ်တယ်။ မှားပြီး အပေါင်းပြတာ ရှားတယ်။

မျိုးဥမထွက်ရင် မျိုးဥထွက်ဆေးသောက်နိုင်ပါတယ်။ မျိုးဥကြွေအတူတူဖြစ်တယ်။ ကျွန်တော်ကတော့ မမြင်ရ မစမ်းရသူကို အဝေးကနေ ဆေးကုသလိုမလုပ်ပါ။ ဆေးပညာစာသာရေးပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ