ကျူးဘားမှာ မိခင်ကနေ မွေးလာတဲ့ကလေးဆီ HIV ကူးစက်မှု ပယ်ဖျောက်နိုင်ပြီ


ကျူးဘားမှာ မိခင်ကနေ မွေးလာတဲ့ကလေးဆီ HIV ကူးစက်မှု ပယ်ဖျောက်နိုင်ပြီ

စောစောကတင်တဲ့ မြောက်ကိုရီးယားနဲ့ ကျူးဘားတို့ဟာ ကွန်မြူနစ်တိုင်းပြည်တွေဖြစ်တယ်။မြောက်ကိုရီးယားက HIV ပျောက်စေသတင်းက အတုဖြစ်တယ်။ ကျူးဘားသတင်းက အစစ်။

၃ဝ-၆-၂ဝ၁၅ နေ့ကလာတဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အခုလိုပြောကြားလိုက်တာပါ။ HIV သာမက လိင်ကနေတဆင့်ကူးစက်တဲ့ ကာလသားရောဂါခေါ် ဆစ်ဖလစ်ကူးစက်မှုကိုပါ မိခင်ကနေ ကလေးဆီ မကူးစေအောင် စွမ်းဆောင်နိုင်လိုက်တာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေကို စောစောစီးစီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုရအောင်၊ ဆေးစစ်ခိုင်းတယ်။ ရောဂါပိုးရှိတာတွေ့ရင် ကလေးကိုမကူးစေဘို့ ဆေးပေးနိုင်အောင်လုပ်ခဲ့ရတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာမှာ အမျိုးသမီးပေါင်း ၁့၎ သန်းဟာ HIV ပိုးရှိနေတုံးမှာ ကိုယ်ဝန်ဆောင်နေရပါတယ်။ ဆေးမကုရင် ၁၅% ကနေ ၃၄% အထိ သူတို့ကနေမွေးလာမယ့်ကလေးကို ကူးစက်စေပါမယ်။ မွေးဖွါးဖြစ်စဉ်နဲ့ နို့တိုက်နေချိန်တွေမှာ အဲလိုကူးစက်မှာဖြစ်တယ်။ ကိုယ်ဝန်ကတည်းက ART ဆေး ပေးထားရင် ကလေးကိုကူးစက်မှာက ၁% သာရှိပါတော့မယ်။ မွေးလာတဲ့ကလေးကိုပါ ဆေးပေးရတာပါ။

နှစ်တိုင်း ကမ္ဘာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း ၁ သန်းမှာ ဆစ်ဖလစ်ရောဂါကူးစက်ခံနေရပါသေးတယ်။ စောစော ဆေးစစ်လို့ ကုသပေးထားရင် မွေးလာမယ့်ကလေးကို မကူးစေပါ။

ကျူးဘားမှာ ကိုယ်ဝန်ဆောင် ၂% မှာ HIV ရှိကြတယ်။ ကမ္ဘာမှာ HIV ကိုယ်ဝန်ဆောင် ၁ဝ ယောက်ထဲက ၇ ယောက်သာ ART ဆေးရနေကြတယ်။ အဲတာကဆင်းရဲသေးတဲ့တိုင်းပြည်တွေမှာဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်ကစပြီး HIV အသစ်ဖြစ်တာ ၉ဝ% ရှိတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ၈ နိုင်ငံမှာတော့ ကလေးတွေဆီ HIV ကူးစက်မှုကို ၅ဝ% မက လျှော့ချနိုင်လာပါတယ်။ ၂ဝ၁၄ မှာ နိုင်ငံပေါင်း ၄ဝ ကော်ျမှာ ၉၅% ကို HIV နဲ့ ဆစ်ဖလစ် စစ်ဆေးပေးနိုင်လာပါတယ်။

ကျူးဘားကို နမူနာထားပြီး ကျန်တိုင်းပြည်တွေမှာ HIV ပိုးရှိမိခင်တွေကနေ မွေးလာမယ့်ကလေးတွေဆီ မကူးစက်အောင် ဆောင်ရွက်ကြဘို့လိုအပ်ပါတယ်။ စောစောလေးကပဲ ထိုင်းမှာအလုပ်လုပ်နေကြတဲ့စုံတွဲတခုမှာ ဇနီးမှာ ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်အပ်မှ နှစ်ယောက်လုံးမှာ HIV ကူးစက်ခံနေကြတာသိရတယ်။ စိုးရိမ်လို့ ဘယ်လိုနည်းနဲ့မွေးရမလည်း၊ ကလေးနို့တိုက်ရင်ဘယ်လိုလည်းမေးလို့ ဖြေလိုက်ရတာ မိနစ်ပိုင်းသာရှိသေးတယ်။ မြန်မာပြည်မှာလည်း ကျူးဘားလို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းရပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ