သခွားသီး ချဉ်တည်နည်း


သခွားသီး ချဉ်တည်နည်းကား- သခွားသီး နုနုထွတ်ထွတ် လက်ဆုပ် လက်ကျဉ်းကို လေးစိတ် ရေနွေး ကျိုက်ကျိုက်ဆူတွင် နွမ်းရုံနှစ်။ မကျက်လှစေနှင့်။ အေးလျှင် လေးစိတ်ခွဲသို့ ၀င်အောင် ဆားငန်ငန်သွတ်။ ပြင်ကလည်း ဆားငန် အောင်နယ်။ အိုးသန့်သန့်တွင် ဖက်လုံလုံပိတ်။ ကုပ်ကျပ်ကျပ်နှိပ်။ အပေါ်ကို ဆားရည်တင်၊ ငါးရက်ခြောက်ရက် ရှိလျှင် ချဉ်၏။ လက်မထိလျှင် တစ်လနှစ်လ ခံ၏။

သုံးလိုသော အခါ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်၊ ဆီကျက် စသည် နှင့်သုပ်။ အနံ့အရသာ ကောင်း၏။ သခွားသီးကြီးလျှင်၊ အစေ့ရင့်လျှင်၊ အစေ့ချောင်လျှင် မကောင်း။ နုနုနယ်နယ် ငယ်ငယ် အစေ့ကျပ်ကျပ် သိပ်သိပ် ရှိသော သခွားသီးမှ ကောင်းသည်။ သခွားသီး ချဉ်တည်နည်း ပြီး၏။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ