CT Scan စီတီ စကန်


၁။ မင်္ဂလာပါဆရာ။ ကျွန်တော့်အမေက အသက် ၆၇ နှစ်ရှိပါပြီ။ ချောင်းဆိုးရင်ကြပ်ပြီးဖျားလို့ ဆရာဝန်ဆီသွားပြတာမှာ ပိုးသတ် ဆေးပေးလိုက်ပါတယ်။ (၃) ရက်သောက်ပြီးမသက်သာလို့ ပြန်သွားပြတာမှာ ဓာတ်မှန်ရိုက်ခိုင်းတာ Scar တွေ့တယ်လို့ပြောပါတယ်။ ဆေးရုံကြီးမှ ကုတင် ၅၀၀ အဆုတ်နှင့် ရင်ခေါင်း chest medical သို့လွှတ်ခဲ့ရာ ထိုဆေးရုံမှ ဆရာဝန်မှ X-ray ထပ်ရိုက်ခိုင်းခြင်း CT scan ရိုက်ခိုင်းခြင်းတို့ကို ပြုလုပ်ခိုင်းပါတယ်။ ဆေးရုံကြီးမှ CT scan ၏ ဆိုးကျိုးများကိုသိရှိနားလည်ပါသည်ဟု လက်မှတ်ထိုးခိုင်းသော်လည်း မည်ကဲ့သို့ဆိုးကျိုးရှိကြောင်းကို သေသေချာချာ ရှင်းမပြပါဆရာ။ တလထဲတွင် အဆုတ်အတွက် X-ray ဓာတ်မှန် ၃ ကြိမ်ရိုက်ရခြင်းနှင့်ယခု CT scan ရိုက်ရမည်ဖြစ်ရာ မည်သို့ဆင်ခြင်လုပ်ကိုင်ရမည်နှင့် CT scan ၏ဆိုးကျိုးများကို ရှင်းလင်းပြောပြပေးပါရန် မေတ္တာရပ်ခံပါသည်ရှင့်။

၂။ ဆရာမင်္ဂလာပါရှင့်။ CT Scan က ဘယ်လိုလူနာတွေရိုက်ရတာပါလဲ။ ဘယ်လိုအခြေနေတွေမှာ ရိုက်သင့်ပါသလဲ ဆရာ။ CT Scan ရိုက်ခြင်းအကြောင်းနဲ့ ကောင်းကျိုးဆိုးကျိုးတွေ သိချင်ပါတယ်ရှင့်။

၃။ ကျမ သမီးလေးက နှလုံးမှာ မွေးရာအပေါက်ရှိနေတဲ့အပြင် နှလုံးသွေးကြောကလည်း မှားဝင်နေပါတယ်တဲ့။ ဘယ်ဘက်အခန်းကို ဝင်ရမယ့် သွေးကြောက ညာဘက်အခန်းကို ဝင်နေတာကြောင့် ညာဘက်နှလုံးက ကြီးနေပါတယ်တဲ့။ ဒါကြောင့် ခွဲစိတ်ရမယ်လို့ ပြောပါတယ်။ ကျမတို့က လက်ရှိ (့) မှာ နေကြပါတယ်။ သမီးလေးက ၁ နှစ်ရှိပါပြီ။ သမီးလေးက အခုချိန်ထိကတော့ ကျန်းကျန်းမာမာပါပဲ။ တခါပဲဖျားဘူးပါတယ်။ နှလုံးခုန်နှုံးကတော့ ကျမတို့ထက် တဆလောက် မြန်ပါတယ်။ ကလေးငယ်တွေက လူကြီးတွေထက် နှလုံးခုန်နှုံး မြန်ပါသလား။ တမိနှစ်မှာ ကြိမ်နှုံး ဘယ်လောက်ရှိပါသလဲ။ မခွဲဘဲထားရင် အသက် ဘယ်လောက်ကြာကြာ ရှည်နေနိုင်ပါသလဲ။ သွေးလွှက်ကြောနဲ့ သွေးပြန်ကြောက နှလုံးက တခုတည်းမှာ ဝင်နေတဲ့ လူတယောက်က အသက်ရှင်နိုင်ပါသလား။ CT ရိုက်တဲ့အခါ သုံးတဲ့ ဆေးက သိပ်ပြင်းတယ်လို့ သိရပါတယ်။ ကျမလည်း တခါရိုက်ဘူးပါတယ်။ ဆေးနဲ့ မတည့်လို့ ချက်ချင်း ရပ်လိုက်ရဘူးပါတယ်။ သမီးလေးကို နောက်လထဲမှာ ရိုက်ပါမယ်တဲ့ CT ရိုက်ခြင်းရဲ့ အကျိုးအပြစ်တွေကို သိပါရစေ။ ဒီမှာ ဆေးရုံကြီးတွေက ဆေးတက္ကသိုလ်နဲ့ တွဲထားတာဆိုတော့ သမီးလေးက အစမ်းသပ်ခံ ဖြစ်သွားမှာကို စိုးရိမ်နေပါတယ်။ သမီးလေးကို ၇ လ ပိုင်းမှာ ခွဲဖို့ လျာထားပါတယ်။ ကျမတို့ကတော့ ဆရာဝန်ကို စဉ်းစားဦးမယ်လို့ ပြောထားဆဲပါ။

၎။ CT Scean ကိုခေါင်းကိုရိုက်ရင် ဦးနှောက်ကင်ဆာဖြစ်နိုင်တယ်ဆိုတာ ဟုတ်လားဆရာ။

CT ရိုက်တာကို Very low-risk procedure အလွန်အန္တရာယ်နည်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။ မလိုအပ်ဘဲ ရိုက်ဘို့ မခိုင်းပါ။ သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုး X-rays ထက် ပိုပြီး X-rays သုံးရတယ်။ ထိုးတဲ့ဆေးကြောင့် ပျို့တာ၊ အနေရခက်တာ၊ နွေးလာတာ၊ စိုထိုင်းထိုင်း ခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။

ဘေးထွက်သက်ရောက်မှုတွေထဲမှာ သွေးပြန်ကြောထဲ ထိုးပေးရတဲ့ Liquid dye နဲ့ Allergic reactions မတည့်တာ ဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။ ဒါ့ကြောင့် ပန်းနာရှိသူ၊ Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။ ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာ ကောင်းတယ်။ ရှားရှားပါးပါး ဒီဆေးက သိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့ အထူးသတိထားရတယ်။ ဆေးလျော့ ထိုးရတတ်တယ်။ ဆီးချိုရှိသူတွေလဲ သတိထားရသူမဲ့ စာရင်းထဲ ပါတယ်။
နှလုံးရောဂါ ဆိုးဝါးသူတွေကိုလဲ သတိထားရတယ်။

CT ရိုက်တာကို အရိုး၊ ကြွက်သား၊ ကင်ဆာ၊ သွေးခဲ၊ နှလုံးရောဂါ၊ အဆုပ်အကျိတ်၊ အသည်းအကျိတ်၊ အထဲသွေးယိုတာ၊ ခွဲစိတ်ရာ၊ ဘိုင်အော့်ပစီယူတာ၊ ဓါတ်ကင်တာမှာ လမ်းညွှန်ခြင်း၊ စတာတွေမှာသုံးပါတယ်။

X-rays သုံးတာမို့ နောင်တချိန်မှာ ကင်ဆာ ဖြစ်မလားလဲ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။ ငြင်းခုံနေဆဲ ဖြစ်တယ်။ ကင်ဆာ ဖြစ်မှာကို သက်သေပြချက်တော့ မရှိသေးပါ။ ကလေးတွေက လူကြီးထက် ကင်ဆာ ဖြစ်နိုင်ခြေများမယ်လို့ ယူဆကြတယ်။ ၁ နှစ်သားကလေး ဗိုက်ကို ရိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ ဝ့၁၈%၊ ခေါင်းကိုရိုက်ရင် ဝ့ဝ၇% လို့ သုတေသနတခုက ဆိုထားတယ်။ ဒါပေမဲ့ အမေရိကားမှာ ၁၅ နှစ်အောက် ကလေးပေါင်း တနှစ်မှာ ၆ သိန်းကို ရိုက်ပေးနတယ်။ တကယ်တန်းပြောရရင် မရိုက်သူတွေမှာလဲ ကင်ဆာဖြစ်နိုင်တဲ့ ကိန်းဂဏန်းနဲ့ ပြောရင် ထူးပြီးပိုတာဟာ မပြောပလောက်ပါ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ