နှင်းခူရောဂါအတွက် သဘာဝဆေးနည်းများ


နှင်းခူရောဂါအမျိုးမျိုး ဖြစ်ပွါးပါက အောက်ပါသဘာဝဆေးနည်းဖြင့် ကုသနိုင်ကြပါတယ်။
(လိမ်းဆေးအတွက်)
(၁) ထိကရုံးပင်(ကုန်းထိကရုံး)၏ ပဉ္စငါးပါးကို နေရိပ်တွင် အခြောက်လှန်း၍ ကျွမ်းနေအောင် လှော်ပါ။
(၂) လှော်ပြီးလျှင် အမှုန့်ထောင်း၍ လေလုံသည့်ပုလင်းတွင် ထည့်ထားပါ။
(၃) ၄င်းအမှုန့်ကို အုန်းဆီနှင့်ဖျော်၍ နှင်းခူပေါ်ကို မနက်၊ ည တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးပါက ပျောက်ကင်းပါမည်။
(သောက်ဆေး၊စားဆေးအတွက်)
(၁) နှမ်းစေ့၊ ပင်စိမ်းစေ့၊ထန်းလျက်တို့ကို ဆတူရောကြိတ်၍ ပျားရည်နှင့် နှယ်ပြီးလျှင် ကွမ်းသီးလုံးခန့် လုံးထားပါ။
(၂) ၄င်းဆေးလုံးကို မနက်၊ည တစ်နေ့(၂)ကြိမ် ရေနွေးဖြင့် သောက်ပါ။
တစ်ပတ်ခန့် သောက်လျှင် နှင်းခူရောဂါအမျိုးမျိုး ပျောက်ကင်းစေပါမည်။
အလွန်ရိုးရှင်းလွယ်ကူးပြီး ထိရောက်စွာ ပျောက်ကင်းစေသည့် ဒီသဘာဝဆေးနည်းလေးကို သင့်မိတ်ဆွေများအတွက် Share ပေးနိုင်ကြပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ