စိုးရိမ်ထိတ်လန့်စိတ် မြင့်တက်နေမည့်အစား ကိုယ်ခံအားစနစ်ကောင်းမွန်ရန်သာလို


H1N1က ဘာတွေဖြစ်နေပြီ ၊ လာပြန်ပြီး H5N1 တဲ့ ၊ အပြင်သွားရင် mask N95 နှာခေါင်းစည်း တပ်ဆင်ထားမှသာ ကာကွယ်နိုင်မှာ စသည့်ဖြင့် များစွာသော အကြောင်းအရာများစဉ်းစားပြီး ထိတ်လန့်စိတ် စိုးရိမ်စိတ်တွေ မြင့်တက်နေကြပါသည်။

ယနေ့ ဖြစ်ပေါ်နေသည့် တုပ်ကွေးရောဂါတွင် တုပ်ကွေး အမျိုးအမည်ကွဲနေပေမဲ့ အဓိက
Influenza - Viruses ကြောင့်သာ ဖြစ်ပါတယ် ။
ပြင်းထန်တုပ်ကွေး
ရောဂါဖြစ်ပွားခြင်းကြောင့် ကူးစက်မှု့ မဖြစ်စေရန်
ကျန်းမာရေး အသိပေးမှု့အဖြစ် ကာကွယ်ရန်
ဆောင်သင့်သည့် အချက်များ ၊ ရှောင်သင့်သည်အချက်များကို အချိန်နှင့်တပြေးညီ သိရှိကြပါလိမ့်မည် ။

အမျိုးအမည်ကွဲ
တုပ်ကွေးအမျိုးအစားဖြစ်ဖြစ် ဘယ်လိုmask သုံးသုံး
မည်သို့ပင်ဆိုစေခါမှု
ထိတ်လန့်မှု့ စိုးရိမ်မှု့များ မြင့်တက်နေမည့်အစား
မိမိ၏ကိုယ်ခံအား ကောင်းမွန်ရန်သာ ဖြစ်ပါသည် ။

ရောဂါကူးစပ်မခံရအောင် ကြိုတင် ကာကွယ်မှု့ အဖြစ် အဓိကအနေဖြင့် မိမိကိုယ်ကိုကိုယ်ခံအားမြင့်တက်ကောင်းမွန်နေဖို့သည် ဦးစွာဖြစ်နေရန်လိုအပ်ပါသည် ။
ကောင်းမွန်စေရန်အတွက်လည်း
အိပ်ရေးဝဝ အိပ်ပါ ။
အဟာရဖြစ်စေသည့် အစားအစာများကို စားပါ ။
တစ်ကိုယ်ရည်သန့်ရှင်းမှု့ အထူးအလေးထားပါ ။
ဌင်းနှင့်အတူ
( ပြင်းထန်တုပ်ကွေးအတွက် ကြိုတင်ကာကွယ်ရန် ) အတွက်

- မလိုအပ်ပါက လူထူထပ်သောနေရာများကို ရှောင်ကျဉ် ပါ

- လူထူထပ်သော နေရာသို့ သွားလာပါက mask ဖြင့် ပါးစပ် နှာချောင်းတို့ကို လုံခြုံအောင် ဖုံးအုပ်သွားလာပါ

- လူသူများသောနေရာများကို ကလေးသူငယ်များခေါ်ခါမသွားသင့်ပါ

- မိုးမိစိုစွတ်ပါက အချိန်ကြာမြင့်စွာမနေဘဲ ခြောက်သောအဂတ်ကိုပြန်လည်ဝတ်ခါ နွေးထွေးဖြစ်အောင် ပြုံမှု နေထိုင်ပါ။

- အများအသုံးပြု့သော လက်ကိုင်၊ ဘေးတန်း ၊ စက်လှေခါးလက်တန်းများကို ထိတွေ့ကိုင်တွယ်များပါက မိမိလက်များကို ဆပ်ပြာဖြင့် ဆင်ကြယ်စွာ ဆေးကြောပါ ။

- ဖျားနာလူနာကို ကိုင်တွယ်ထိတွေ့မိပါက ဆပ်ပြာဖြင့် အချိန်ကြာမြင့်စွာ ဆေးကြောပါ ။ (အရက်ပြန်အရည်မျိုးပါသော လက်ဆေးဆေးရည်များကို သုံးစွဲပါက ပိုကောင်းပါသည် )

- မိမိတစ်ကိုယ်ရည် သန့်ရှင်းမူု့ကို အလေးထား ပြု့မှု နေထိုင်ပါ ။

- မိမိကိုယ်ခံအား ကောင်းမွန်စေရန် ဗီတာမင် စီ ပေါကြွယ်ဝသော အစားအစာအသီးအနှံများကို စားပေးပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ