သည်းခြေအတွက် ရဲယိုရွက်


ရဲယိုရွက်ကို အင်္ဂလိပ်လို Noni လို့ခေါ်ပြီး ရုက္ခဗေဒလို Morinda Citrifolia လို့ ခေါ်ကြပါတယ်။ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာစတဲ့ အာရှနိုင်ငံများမှာ အများဆုံးပေါက်ပြီး အခြားတိုက်များမှာလည်း ရှိတတ်ကြပါတယ်။

ရဲယိုရွက်ဟာ ဆေးဖက်ဝင်သည့် စားစရာအရွက်တစ်မျိုး ဖြစ်ပါတယ်။ ရဲယိုရွက်နှင့် အသီးတို့ကို မြန်မာဆေးများ ဖော်စပ်ရာတွင် အသုံးပြုထားသည်ကို မြန်မာဆေးကျမ်းများမှ မကြာခဏ မြင်တွေ့ရပါတယ်။

ရဲယိုရွက်ကို ဆေးအတွက်သာမက စားစရာဟင်းအဖြစ်လည်း အမျိုးမျိုးချက်ပြုတ်ကာ စားသောက်ကြပါတယ်။ အရွတ်နုများကို ငါးရံ့၊ ငါးခူး၊ ငါးမြွှေထိုး စသည့်ငါးများနှင့် ချက်၍ စားတတ်ကြပါတယ်။ အရွက်ကို ပြုတ်၍ ငပိရည်နှင့် တို့စားကြပါတယ်။ အသီးအမှည့်ကို ပျားရည်နှင့် ဆေးဖော်စပ်၍ စားသုံးကြပါတယ်။ အသီးမှည့်ကို ထန်းလျက်နှင့် ရောနယ်၍လည်း ဆေးအဖြစ် မှီဝဲကြပါတယ်။

ရဲယိုရွက်ဟာ အထူးသဖြင့် ၀မ်းတွင်းမှ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ သည်းခြေရောဂါ၊ ၀မ်းချုပ်၊ ၀မ်းရစ်၊ ၀မ်းကိုက်ရောဂါ၊ အစာမကြေရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

သည်းခြေအနာဖြစ်နေသူများအနေဖြင့် အရွက်ကို ဟင်းချက်စားခြင်း၊ ပြုတ်၍ တို့စားခြင်း၊ ဒန့်သလွန်ရွက်နှင့်အတူ ဟင်းရည်ချက်သောက်ခြင်း၊ အသီးအနုကို ပြုတ်၍ သုပ်စားခြင်း၊ အသီးအမှည့်ကို ပျားရည်နှင့်ခေါက်၍ စားခြင်းတို့ဖြင့် သည်းခြေနှင့်ပတ်သက်သော ရောဂါမ်ျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေပါသည်။

ဦးစောနွဲ့နေဆိုင် (ပူတာအို)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ