အီဘိုလာရောဂါ


ကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါ ကင်းစင်ပြီဟု ကြေညာပြီး ၄၂ ရက်ကြာ ရောဂါကူး စက်ခံ ရမှု မရှိသည့်နောက် ဇူလိုင် ၁ ရက်တွင် နိုင်ငံအတွင်း၌ ရောဂါကူးစက် ပျံ့နှံ့နေသည်မှာ နှစ်လ ရှိပြီဟု အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံ၌ ၁၉၇၆ ခုနှစ်တွင် အီဘိုလာရောဂါ စတင်တွေ့ရှိသည့် နေရာဖြစ်သော နိုင်ငံ အရှေ့မြောက်ပိုင်း တောအုပ်မှ ယခုရောဂါပိုး ကူးစက်ခံရ သူရှစ်ဦးကို တွေ့ရှိပြီး နောက် ၎င်းတို့ အနက် လေးဦး သေဆုံးသွားကြောင်း ကျန်းမာရေး ၀န်ကြီး အိုလီအီလောင်ဂါက အစီရင် ခံစာတစ်စောင်တွင် ပြောသည်။

ကွန်ဂိုနိုင်ငံရှိ ကျန်းမာရေး အာဏာပိုင်များသည် အီဘိုလာရောဂါ ကာကွယ်ဆေး အသစ်ကို အသုံးပြုလျက် ရှိသော်လည်း ထောက်ပံ့မှု ဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

နိုင်ငံအတွင်း၌ ယခုရောဂါကူးစက်မှုသည် အနောက်အာဖရိက ဒေသတွင် အီဘိုလာကင်းစင်ပြီဟု ကြေညာပြီး တစ်နှစ်အကြာတွင် ဖြစ်ပွားခြင်းဖြစ်သည်။ အနောက် အာဖရိကဒေသ၌ အီဘိုလာ ရောဂါကို လူပေါင်း ၂၈၆၀၀ ခံစားရပြီး လူပေါင်း ၁၀၃၀၀ ကျော်သေဆုံးကြောင်း နှင့် အဆိုပါရောဂါသည် ဂီနီနိုင်ငံ၊ ဆီယာရာလီယွန်နှင့် လိုက်ဘေးရီးယားတို့တွင် ပျံ့နှံ့ ဖြစ်ပွားခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အများအပြားကို စိုးရိမ် ထိတ်လန့် သွားစေကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ