တုပ်ကွေးရောဂါ ခံစားဖြစ်ပေါ်ခြင်း


ဒီလိုရာသီအကူးအပြောင်းများတွင် သာမန်အဖျားရောဂါတစ်ခုသဖွယ် ဖြစ်သလို ဗိုင်းရ၀်စ်ပိုးကြောင့် တုပ်ကွေးရောဂါ ခံစားဖြစ်ပေါ်တက်ကြပါတယ် ။

Influenza ခေါ်သည့် တုပ်ကွေးရောဂါ လက္ခဏာဟာ ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြိး၂ ရက်အတွင်းမှာ တုပ်ကွေးလက္ခဏာတွေပြလာပါတယ် ။

တုပ်ကွေးရောဂါ လက္ခဏာတွေများမှာ ခေါင်းတွေကိုက်မယ် ၊ ကိုယ့်အပူ အဖျားတွေ တက်မယ် ၊ လည်ပင်းတွေ နာလာမယ် ၊ နှာ တွေပိတ်ခြင်း နှာရည်တွေ ကျလာခြင်း ၊ ချောင်းဆိုးလာခြင်း ၊ မလှုပ်ချင် မကိုင်ချင်စိတ်ဖြစ်ပြီး နုံးခွေလာခြင်း ဒါကြောင့် တုပ်ကွေး ဆိုသည့် အတိုင်း ကွေးကွေးလေးအဖြစ် ကုတင်ပေါ်တွင် ဖျားနာနေသည့် တုပ်ကွေးဖြစ်ပေါ်ခံစားလက္ခဏာများပင် ဖြစ်ပါသည် ။

ရာသီအပြောင်းတွင် ခံစားဖြစ်ပေါ်လာသည့် တုပ်ကွေးရောဂါကို မိမိခံစားနေပါက လူနာတစ်ယောက်အနေဖြင့် မိမိအိမ်မှာ ကောင်းကောင်း အနားယူ နားနေသင့်ပါသည် ။ ဆေးလိပ်သောက်သုံးသက်သူ ဖြစ်ပါက လုံးဝ သောက်သုံးခြင်း မပြု့ ဘဲ လုံလောက်စွာ အနားယူ နေထိုင်ရှောင်ကျဉ်သင့်ပါသည် ။
အရည်များများ သောက်သုံးပေးပါ ။
ရေချိုးခြင်းမပြု့ လုပ်သင့်ပါ ။
ချောင်းဆိုးပါဖြစ်ပေါ်နေပါက ချောင်းဆိုးပျောက်ဆေးရည်ကို သောက်သုံး အနားယူပါ ။
အာခေါင်တွေခြောက်ကပ်ကပ်ဖြစ်နေပါက ရေနွေးဖြူကို ဆားအနည်းငယ်ဖျော်ပြီး ပါးလုပ်ကျင်းပေးခြင်း လုပ်ဆောင်ပေးပါ ၊
နှာခေါင်းတွေပိတ်နေပါက ရေနွေးငွေ့ ရှူခြင်းလည်း ပြု့ လုပ်နိုင်ပါသည် ။

တစ်ချို့ တုပ်ကွေးဖျားသူများ များသောအားဖြင့် ကလေးသူငယ်များဖြစ်တက်ပါသည် အန်တက်ခြင်း ဝမ်းသွားခြင်းဖြစ်ပါက ဓာတ်ဆားရည်သောက်နိုင်ပါတယ် ။

တုပ်ကွေးရောဂါခံစားဖြစ်ပေါ်လာခြင်းသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်နေလို့  ဒါကြောင့် မိမိသုံးဆောင်ထားသော လက်ကိုင်ပုဝါ ၊ မျက်နှာသုတ်ပုဝါ တို့ ကို သီးသန့် ခွဲခြားထားပြီး သုံးသင့်ပါသည် ။

တစ်ကိုယ်ရည် သန့် ရှင်းစွာနေထိုင်ခြင်းကိုတော့ အထူးပြောစရာ မလိုအပ်ပါဘူးနော် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ