သားအိမ်ခေါင်းကင်ဆာကို ဘယ်နှစ်နှစ် တစ်ကြိမ် စစ်ဖို့လိုမလဲ


ဗြိတိန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ နယ်သာလန်သုတေသီ တွေရဲ့ တွေ့ရှိချက်အရ အသက်၄၀ ကျော် အမျိုးသမီးတွေမှာ သားအိမ် ခေါင်းကင်ဆာဖြစ်စေတဲံ့Human Papilloma Virus (HPV) ဗိုင်းရပ်စ် စစ်ဆေးမှုမှာ ဗိုင်းရပ်စ် မတွေ့ခဲ့ဖူးဆိုရင် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးမှုကို ငါးနှစ်အထက် တစ်ကြိမ် စစ်ဆေးခြင်းက လုံလောက် တယ်လို့ ဆိုပါတယ်။ံHPV ဗိုင်းရပ်စ်စစ်ဆေးခြင်းအားဖြင့် ပုံမှန် မဟုတ်သည့်ဆဲလ်များကို စောစီးစွာ သိရှိနိုင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှုကို ပိုပြီးတိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းတွင် ကင်ဆာဖြစ်နိုင်ခြေများသည့် ပုံမမှန် ဆဲလ်များ ဖြစ်ပေါ်နေမှုကို CIN 1,2,3 ဆိုပြီး ခွဲခြားထားပါတယ်။ နံပါတ်မြင့်လေ ပုံမှန်မဟုတ်တဲ့ ဆဲလ်များ ပြန့်ပွားမှု ပိုများလေပါပဲ။

လက်ရှိအခြေအနေမှာတော့ UK မှာ အသက် ၂၅ မှ ၄၉ ကြား အမျိုးသမီးတွေကို သုံးနှစ်တစ်ကြိမ် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု လုပ်ဖို့ ညွှန်းဆိုထားပြီး အသက် ၆၄ နှစ်ထိကို ၅ နှစ်တိုင်းမှာ စစ်ဆေးမှု လုပ်ဖို့ ညွှန်းဆိုထားပါတယ်။ နယ် သာလန်နိုင်ငံမှာတော့ အနည်းဆုံး အသက် ၄၀ ရှိတဲံ့HPV ဗိုင်းရပ်စ် စစ်ဆေးရာမှာ မရှိတဲ့အမျိုးသမီးတွေ ကို ၂၀၁၇ ကစပြီး ၅ နှစ်တစ်ကြိမ် စစ်ဆေးရာမှ ၁၀နှစ်တစ်ကြိမ်သာ စစ်ဆေးရန် လိုပါတယ်လို့ ပြောင်းလဲ မှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်း၏ စိတ်ချရမှုကို ငါးနှစ်အထက်ကို ကန့်သတ်ထားပါ တယ်။ ဒါကြောင့် နယ်သာလန်သုတေ သီအဖွဲ့က ငါးနှစ်အထက်မှ တစ်ကြိမ် စစ်ဆေးခြင်းရဲ့ရလဒ်ကို စီစစ်ခဲ့ ပါတယ်။

သုတေသနမှာ ၂၉ နှစ်မှ ၆၁ ကြား အမျိုးသမီး ၄၃၀၀၀ ကို ၁၄ နှစ်ကြာ လေ့လာခဲ့ပါတယ်။ ယင်း ၁၄ နှစ်အတွင်း ငါးနှစ်တစ်ကြိမ် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု (၃) ကြိမ် လုပ်ခဲ့ပါတယ်။ ရလဒ်တွေ အရ အသက် ၄၀အရွယ် HPV ဗိုင်းရပ်စ်မရှိတဲ့ အမျိုးသမီးတွေမှာ (CIN 3) သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအမြင့်ဆုံး အဆင့်ဖြစ်နိုင် ခြေ အလွန်နည်းပြီးံHPV ဗိုင်းရပ်စ် ရှိတဲ့ အမျိုးသမီးတွေမှာတော့ CIN 3+ ဖြစ်နိုင်ခြေ အလွန်များတာ တွေ့ရပါတယ်။ံHPV ဗိုင်းရပ်စ် စစ်ဆေးမှုရလဒ်နဲ့ အသက်အရွယ် ပေါ် မူတည်ပြီးနောက်တစ်ကြိမ် စစ် ဆေးရမည့် အချိန်ကို သတ်မှတ်ခြင်း က ရောဂါဖြစ်နိုင်ခြေအတွက် စစ် ဆေးမှုကို တဖြည်းဖြည်းလျော့ချပြီး အမျိုးသမီးများအတွက် အကောင်း ဆုံးကာကွယ်မှု ပေးနိုင်မယ့်အကြိမ်ကို တွက်ဖို့ ပိုမိုနီးစပ်သွားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ