ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးအတွင်းနံရံများ ထူထဲလာ


ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ပိုမိုဖြစ်ပွားစေနိုင်ပြီး ကျန်းမာရေး ပိုဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ယခုအခါ ဆေးလိပ်သောက်ခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုး ကျိုးသစ်တစ်ခုအား လေ့လာမှုတစ်ခု မှ အသစ်ထပ်မံတွေ့ရှိခဲ့သည်။ ဆေး လိပ်သောက်သူများ၏ နှလုံးတွင် ဘယ်ဘက်အခြမ်း သွေးလွှတ်ခန်းနံရံ မှာ သိသာစွာ ပိုမိုထူနေကြောင်း သုတေသီတို့က တွေ့ရှိခဲ့ခြင်းဖြစ် သည်။

လေ့လာမှုမှ ရရှိလာသည့် အချက်အလက်များအရ ဆေးလိပ် သောက်သည့် အတိုင်းအဆပမာဏ နှင့် နှလုံးဘယ်ဘက်အခြမ်းနံရံ၏ အထူ၊ ညှစ်နိုင်စွမ်းတို့နှင့် ထင်ရှား သည့် ဆက်သွယ်မှုရှိနေကြောင်း၊ ယခုလို တွေ့ရှိချက်များမှာလည်း ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုး များစွာ ရရှိနိုင်ခြင်းကြောင့် ဆေးလိပ် ဖြတ်ရန် ပိုမိုထောက်ခံအားပြည့်ခြင်း ဖြစ်သည်ဟု သုတေသနခေါင်းဆောင် မှ ပြောကြားလိုက်ပါသည်။ သို့ရာတွင် သတင်းကောင်းတစ်ခုအဖြစ် ဆေး လိပ်ဖြတ်လိုက်ပါက ထူထဲနေသည့် နှလုံးနံရံသည် ပုံမှန်ပမာဏဆီသို့
ပြန်လည်ပြောင်းသွားနိုင်ကြောင်းကိုလည်း ဖော်ပြထားပါသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ