ကလေးတို့အတွက် ဘေးကင်းတဲ့နေအိမ်လေးဖြစ်ဖို့


ကလေးငယ်တွေဆော့ကစားတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာ ခြစ်တာ ရှတာပွန်းပဲ့ တာ၊ ထိခိုက်အနာတရဖြစ်တာမျိုးဟာ မကြာခဏကြုံတွေ့ရလေ့ရှိတဲ့အရာတွေဖြစ်ပါ တယ် ။ရေနွေး ပူလောင်တာမျိုး၊ ဆီပူလောင်တာမျိုး၊မီးဖိုထဲက ချွန်ထက်တဲ့အရာတွေ ကိုဆော့ကစားရာက ထိုးမိ ခိုက်မိတာမျိုးတွေ အထိတောင်ဖြစ်တတ်တာကို မြင်တွေ့ ကြားဖူးကြမှာပါ။
ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဒီကိစ္စတွေမှာကလေးငယ်ရဲ့မိဘ တွေဟာ တာဝန်အရှိဆုံးသော သူတွေဖြစ်ကြပါတယ်။

ကလေးအရွယ်ဟာ စူးစမ်းလိုစိတ်ရှိပြီး မြင်မြင်သမျှအရာတွေကို စိတ်ဝင်စား တတ်တဲ့အရွယ်ဖြစ်တာကြောင့် လက်လှမ်းမီရာကို ကိုင်တွယ်တတ်၊ ဆော့ကစားတတ် ပါတယ်။ ဒီတော့ကလေးတွေရဲ့အနီးအနားမှာ အန္တရာယ်ဖြစ်စေမယ့်ပစ္စည်းတွေရှိမနေ ဖို့ဟာ မိဘတွေရဲ့တာဝန်ဖြစ်လာပါတယ်။ မိဘတွေအနေနဲ့ မိမိရင်သွေးကို နေအိမ် ဝန်းကျင်နဲ့ နေအိမ်အပြင်ဘက်တွေမှာ ချွန်ထက်ပြီး ထိခိုက်အနာတရဖြစ်စေမယ့် ပစ္စည်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ထားနိုင်ပါတယ်။ ကလေးငယ်ကိုကာကွယ်ဖို့ အောက် မှာဖော်ပြထားတဲ့အချက်တွေကို ပြုလုပ်ထားနိုင်ပါတယ်။
၁။ ဓား၊ ကတ်ကြေး၊ ခက်ရင်းနဲ့တခြားချွန်ထက်တဲ့အိမ်သုံးပစ္စည်းတွေကို အံဆွဲ တစ်ခုထဲမှာထည့်ပြီးသိမ်းဆည်းပါ။သော့ခတ်လို့ရတဲ့အံဆွဲမျိုး၊ ချက်ချလို့ရ တဲ့အံဆွဲမျိုးဆိုရင်ပိုပြီးတော့ စိတ်ချရမှာဖြစ်ပါတယ်။
၂။ ဖန်နဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ ဖန်ခွက်၊ ဖန်ရေကရားစတာတွေကို ကလေးတွေလက်လှမ်းမမီနိုင်တဲ့ ဗီရိုရဲ့အမြင့်ဆုံးအထပ်မှာသိမ်းဆည်းပါ။
၃။ ကြည့်မှန်တွေကိုနံရံပေါ်မှာ အသေအချာကပ်နေအောင် တပ်ဆင်ပြုလုပ် ထားပါ။
၎။ စက္ကူဖြတ်စက်လိုအရာမျိုးတွေကို ကလေးတွေလက်ထဲမရောက်ရှိပါစေနဲ့။ခပ်ဝေးဝေးမှာသိမ်းဆည်းပါ။
၅။ အသွားထက်တဲ့ သစ်သီးဖျော်စက် (သို့) အမှုန့်ကြိတ်စက်တွေကို ကလေးငယ်တွေ မကိုင်နိုင်အောင်အမြင့်တစ်နေရာ သို့မဟုတ် ဗီရိုထဲမှာ သော့ခတ်ပြီး သိမ်းပါ။
၆။ ဖြစ်နိုင်ရင် မီးဖိုချောင်သုံးအမှိုက်ပုံးကို ကလေးအလွယ်တကူမမြင်နိုင်တဲ့နေရာမျိုး၊ ဗီရီုရဲ့အနောက်သို့မဟုတ် တံခါးထောင့်လိုနေရာမျိုးမှာ လုံလုံခြုံ ခြုံအဖုံးပိတ်ပြီးထားနိုင်ရင် ပိုပြီးသင့်လျော်ပါတယ်။
၇။ မုတ်ဆိတ်ရိတ်တဲ့အခါသုံးတဲ့ဘလိတ်ဓား၊သင်တုန်းဓားနဲ့ လက်သည်းညှပ် တွေကိုလည်း ဗီရိုအံဆွဲလိုနေရာမျိုးမှာပဲ သေချာသော့ခတ်ပြီး သိမ်းဆည်း သင့်ပါတယ်။
၈။ ဥယျာဉ်စိုက်ပျိုးရာမှာသုံးတဲ့ တူရွင်း၊ ပေါက်တူးစတာတွေ၊ စက်ပြင်ရာမှာ သုံးတဲ့ပစ္စည်းတွေကို စတိုခန်းတစ်ခုထဲမှာ တစ်စုတစ်စည်းထားပြီး သော့ခတ်သိမ်းဖို့လိုအပ်ပါတယ်။ ကလေးတွေကို အဲဒီပစ္စည်းတွေနား လုံးဝမလာအောင်ဂရုစိုက်ပါ။
၉။ ကလေးငယ်တွေ ဆော့ကစားနေတဲ့ပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေနိုင်တာ ဘာရှိလဲစစ်ဆေးပါ။ ခဲတံနဲ့ဘောပင်လို ချွန်ထက်တဲ့အရာတွေကို ပေးမကိုင်ပါနဲ့။ သံချေးတက်နေတဲ့ပစ္စည်းတွေနဲ့ထိခိုက်စေမယ့်အရာတွေကို ဖယ်ရှားပါ။ ဒီလိုလိုက်နာဆောင်ရွက်မှုက ကလေးငယ်ကို နေအိမ်အတွင်း ဘေးကင်းစေနိုင်မှာဖြစ်ပါတယ်။

ကလျာမိုးမြင့်
(Health News for Children)
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ