မျက်စိအတွင်းတိမ်အကြောင်းသိကောင်းစရာ


မြန်မာနိုင်ငံရှိ လူအများစုသည် ကျန်းမာရေးအသိပညာနည်းပါးလွန်း သဖြင့် အသိပညာပေးဗဟုသုတ ပြောကြားရသည်မှာ နှစ်အလွန်ကြာ ခဲ့ပါပြီ။ အသိပညာပေးဆောင်းပါး များကိုလည်း ဂျာနယ်၊ မဂ္ဂဇင်းများ တွင် ရေးရသည်မှာ ယခုအသက် အရွယ်အိုသည်အထိဖြစ်ပါသည်။

စာရေးသူ၏မရီးကို အတွင်းတိမ်မရှိ ကြောင်း မျက်စိစမ်းသပ်ပြီးပြောလိုက် ပါသည်။ မရီးက အစိုးရမျက်စိဆေးရုံ ကြီးသို့သွားရောက်ပြသသောအခါ မျက် စိစမ်းသပ်ကိရိယာအစုံအလင်ဖြင့် ကြည့် ပေးပြီး အတွင်းတိမ်မရှိကြောင်းနှင့်အဝေး ပါဝါ (+1.00 D.S) B.E ဖြင့် စမ်းသပ် ၍ လက်မှတ်ထုတ်ပေးလိုက်ပါသည်။ ဤသည်ကို မရီးလုပ်သူက ပြင်ပမျက်စိ ဆေးခန်းတစ်ခုသို့ သွားရောက်ပြသရာ ထိုဆေးခန်းက မျက်စိအတွင်းတိမ်ရှိ သည်ဆိုကာ ခွဲစိတ်ကုသလိုက်ပါသည်။
မျက်စိမျက်မှန်လောကသားများ၏ နှစ်ပေါင်းများစွာအတွေ့အကြုံအရ အဝေး ပါဝါ(+) (plus)ပါဝါတပ်ရသူက အနုတ် ပါဝါ (-)(Minus)ပါဝါသို့ ပြောင်းသွား လျှင် အတွင်းတိမ်စသည်ဟု ယုံကြည်ကြ သည်။ မျက်စိဆရာဝန်များက မျက်လုံး အတွင်းသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုး ကြည့်သည်။ မျက်လုံးအတွင်းမှ မှန်ဘီ လူးငယ်သည်ပြန့်လိုက်၊ စုလိုက်လှုပ်ရှား မှုမတွေ့ဘဲ မှန်ဘီလူးဖြူဖွေးနေသည်ကို တွေ့လျှင်အတွင်းတိမ်ရှိသည်ပြောပါသည်။
အတွင်းတိမ်ရှိသောသူသည် နံနက် နေပွင့်လာသည်နှင့်တိမ်ခိုးများထပြီးကြည့် မကောင်းပါ။ နေ့ခင်းကြောင်တောင်၊ နွေခေါင်ခေါင်နှင်းများကျ၍ဝေနေသကဲ့သို့ မြင်တွေ့ရမည်။ နေရောင်ကို ကြောက် သလို မီးရောင်ကိုလည်းကြောက်သည်။ တိမ်များလာလျှင် မျက်စိစမ်းသပ်၍မရ ပါ။ မျက်စိစမ်းသပ်သော ကွန်ပျူတာဖြင့် စမ်းသပ်လျှင်-
(၁) မျက်စိအတွင်းတိမ်ရှိလျှင် ကွန်ပျူ တာမဖတ်ပါ။
(၂) မျက်စိအာရုံကြော အားနည်းလျှင် ကွန်ပျူတာမဖတ်ပါ။
စာရေးသူထံသို့မျက်စိပါဝါစမ်းသပ် ရန် လာပြသောလူနာ၏အမည်မှာ မမြင့် သက်ခိုင် အသက် ၂ဝ ရှိပြီး ပျဉ်းမနား မြို့တွင်နေထိုင်သူဖြစ်ပါသည်။ သူမကို ဆရာဝန်က မျက်စိအတွင်းတိမ်ရှိသည် ဟုပြော၍ စိတ်မချမ်းမသာဖြစ်ရကြောင်း ပြောပြပါသည်။ သူမ၏မျက်စိအတွင်းရှိ မှန်ဘီလူးသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုး ကြည့်သောအခါ အတွင်းတိမ်မရှိပါ။ မျက်စိစမ်းသပ်သော ကွန်ပျူတာဖြင့် ကြည့်ရာ ဆလင်ဒါပါဝါများဖတ်၍ပြပါ သည်။ သူမတပ်ဆင်ရမည့်ပါဝါမွှျာ ယာဘက်ပါဝါသည် (-2.00.D.C Axis 90º) ဖြစ်သည်။ L ဝဲဘက်ပါဝါသည် (-1.50.D.C Axis 45º)ဖြစ်သည်ကို စမ်း သပ်ရပါသည်။
မျက်စိအတွင်းတိမ် နုသော်လည်း အလုပ်အကိုင်လုပ်ငန်းသဘာဝအရ လို အပ်လျှင်ခွဲစိတ်ကုသ၍ရသည်။ သွေးတိုး ရောဂါနှင့် ဆီးချိုရောဂါရှိပါက မျက်စိ တိမ်ခွဲ၍မရပါ။သက်ဆိုင်ရာရောဂါဆရာ ဝန်များနှင့်ပြသ၍ ရောဂါပျောက်သည် အထိ ကုသရမည်။

မျက်စိအတွင်းတိမ်ကိုတစ်ပြိုင်တည်း နှစ်ဖက်စလုံး ခွဲစိတ်ကုသမှုမပြုသင့်ပါ။ ပြုစုစောင့်ရှောက်ရသူလူနာရှင်တို့အတွက် အလွန်ဒုက္ခရောက်ရသည်ကို တွေ့ရပါ သည်။ ဒဂုံတောင်မှ ငါးနှစ်သားကျောင်း သားလေး၊သူ့အမည်မောင်ခင်မောင်လတ် သည် မျက်လုံးတစ်ဖက်ကို ခဲတံဖြင့်ထိုး မိသွားသည်။(Eye Ball) မျက်လုံးအဖြူ ကိုအနည်းငယ်ထိုးမိသည်။(CORNIA) မျက်ကြည်လွှာကို မထိပါ။ (IRIS) မျက်ဝန်းကိုလည်းမထိပါ။ ဤသည်ကို ပြင်ပဆေးခန်းမှဆရာဝန်က လူကြီးများ အတွင်းတိမ်ခွဲသကဲ့သို့ခွဲပြီး (I.O.L) မျက်တွင်းမှန်ထည့်ပါသည်။ ကျောင်း သားလေးမှာ ယခုချိန်အထိမျက်မှန်တပ် နေရသည်။ မျက်စိအပြင်ဘက်ထိခိုက်မှု ကို အပြင်ဘက်မကုဘဲ အတွင်းဘက် ကုပုံမျိုး မပြုလုပ်သင့်ပါ။

နိုင်ငံတော်၏ဆေးရုံများ၊ ကျွမ်းကျင် တတ်ကျွမ်းပြီး မှန်မှန်ကန်ကန်ကုသသော ပညာရှင်များကိုသာပြသ၍ကုသကြပါရန် တိုက်တွန်းရေးသားလိုက်ပါသည်။

မျိုးမြင့်ဆွေ(မျက်မှန်)
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ