သမိုင်းမတင်မီခေတ်က တည်းကပင် သွားဘက်ဆိုင်ရာ လုပ်ငန်း ထွန်းကားခဲ့ ဖွယ်ရှိ


ယနေ့ခေတ် သွားဘက်ဆိုင်ရာ လုပ်ငန်းများသည် ခေတ်သစ်တွင်ပေါ်ပေါက်ခဲ့သော လုပ်ငန်းဖြစ်သည် ဟုအများကယူဆနေစဉ် နှစ်ပေါင်း ၁၃ဝဝဝဝ ခန့် သက်တမ်းရှိသွားများ ကိုသုတေသနပြုမှုအရ ကျောက်ခေတ် လူသား များသည် သမိုင်း မတင်မီ ကတည်းကပင် အဆို ပါသွားဘက် ဆိုင်ရာလုပ်ငန်းကို စတင်ခဲ့ဖွယ် ရှိကြောင်း တွေ့ရသည်။

တူးဖော်ရရှိထားသော ကျောက်ခေတ်လူသားလေးဦး၏သွားများတွင် အမျိုးမျိုး သောမြောင်း များတွေ့ရှိရပြီး ၎င်းတို့သည် သွားကိုက်ခြင်းမှ သက်သာစေရန် အတွက် ထိုသို့ လုပ် ဆောင်ခြင်းဖြစ် နိုင်ကြောင်း သုတေသန ပညာရှင်များကသုံးသပ်သည်။

ယခုရှာဖွေတွေ့ရှိမှုသည် ယခင်တွေ့ရှိမှု ဖြစ်သော ကျောက်ခေတ်လူသားများအနေဖြင့် လူတစ်ပိုင်းစွမ်း ဆောင်ရည်များရှိကြသည့်အပြင် မှတ်ဥာဏ်များကောင်းကြသည်ဟူသော အချက်ကို ပိုမိုထင်ရှား စေခြင်းဖြစ် သည်။

သုတေသန ပညာရှင်များသည် ကျောက်ခေတ်လူသားများ၏ ဘယ်ဘက်အောက်မေး ရိုးမှသွားများကို သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ်သည်။

ယင်းသွားများသည် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ခန့်က ခရိုအေးရှားနိုင်ငံရှိ ကရာပီနာမှ တွေ့ရှိ ထားခြင်းဖြစ်သော်လည်း ပညာရှင်များကပြီးခဲ့ သည့်နှစ် အနည်းငယ်မှ စ၍ အဆိုပါ တူးဖော် ရရှိသော ပစ္စည်းများကို ပြန်လည်လေ့လာမှု များပြုလုပ်ခြင်းဖြစ်သည်။

အဏုကြည့်မှန်ပြောင်း အသုံးပြု၍ လေ့ လာသည့်အခါ ၎င်းသွားများတွင် အပေါက်များ၊ သွားထိုး တံများဖြင့်ထိုးခြင်းကြောင့်ဖြစ်ပေါ်နေ သည့်မြောင်း များနှင့် ခြစ်ရာများအပါအဝင် ထိခိုက် ပျက်စီးမှုအများ အပြားတွေ့ရှိရသည်။

လေ့လာတွေ့ရှိသည့် သွားလေးချောင်းအနက် နှစ်ချောင်းမှာ ၎င်းတို့၏ ပုံမှန်ရှိသင့်သည့် နေရာတွင်မရှိသည်ကို တွေ့ရပြီး ယင်းသို့ဖြစ်ရခြင်းမှာ အဆိုပါသွားပိုင်ရှင်သည် ၎င်းခံစားရသော သွားဝေဒနာသက်သာစေရန် အတွက် ဒုတိယ အံသွားကို တစ်စုံတစ်ခုဖြင့် တွန်းထိုးခဲ့ ဖွယ်ရှိ ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။

အဆိုပါ သုတေသနပြုလေ့လာမှုကို ကန်ဆက် တက္ကသိုလ်မှ ပါမောက္ခဒေးဗစ်ဖရေယာ ဦးဆောင်သော သုတေသနပညာရှင်များက လုပ် ဆောင်ခြင်းဖြစ်သည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ