Rain Bugs နတ်သမီးကွမ်းသွေးကောင်


မိုးရွာရင်ထွက်တဲ့ နတ်သမီးကွမ်းသွေးကောင်လေးတွေ၊ မတွေ့တာကြာပြီ။

မုံရွာက သူငယ်ချင်း ဘာသာပြန်စာရေးဆရာကနေ တင်ထားတာ။ ဟုတ်တယ်၊ ကျွန်တော်တို့ငယ်ငယ် မိုးတွေရွာချပြီး စိုအေးနေချိန်မှာ ထွက်ကြကြတဲ့ ကတ္တီပါလို အနီရောင်ရဲရဲတောက်နေတဲ့ အကောင်လေးတွေကို နတ်သမီး ကွမ်းသွေးကောင်လို့ ခေါ်ကြတယ်။ တချို့အရပ်မှာ တမျိုးခေါ်ကြတယ်ထင်တယ်။

အင်္ဂလိပ်လိုလည်း Red Velvet Mites နဲ့ Rain Bugs လို့ခေါ်ပါတယ်။ သတ္တဗေဒအရ Arachnids အမျိုးအစားထဲမှာ ပါတယ်။ ကျောရိုးမပါ၊ ဆက်ထားတဲ့ခြေထောက်လေးတွေ ရှစ်ချောင်းစီပါတယ်။ ပင့်ကူကလည်း ဒီအုပ်စုထဲကပဲ။
ဒီအကောင်လေးတွေနဲ့ မျိုးစိတ်တူတဲ့ Trombidium holosericeum ကို အိန္ဒိယမှာ တိုင်းရင်းဆေးအဖြစ်သုံးကြတယ်။ သူ့ထဲကထုတ်တဲ့အဆီကို လေဖြတ်တာနဲ့ ဗိုင်ယာဂရာလို ပန်းသေပန်းညှိုးဆေးအဖြစ်သုံးပါတယ်။ Indian Viagra လို့ ခေါ်ပါသတဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ