Penicillin V ပနယ်စလင်စားဆေး


ကျွန်မက လေးဖက်နာကြောင့် Penicillin V သောက်နေတာ လေးနှစ်ကျော်ပါပြီ။ အခုကလေးယူမယ်ဆိုတော့ ဒီဆေးကို ဆက်သောက်သင့်၊ မသင့်လည်း သိချင်ပါတယ်။ ပိုးသတ်ဆေးဆိုတော့ ကလေးရလာခဲ့ရင် ကလေးကို ထိခိုက်နိုင်သလား ဆိုတာလည်း သိချင်ပါတယ်။

• Penicillin V (Phenoxymethylpenicillin) ပနယ်စလင်စားဆေးကို Rheumatic fever လေးဘက်နာလို့ အများခေါ်ကြတဲ့ ရုမက်တစ်အဖျားရောဂါ ကာကွယ်ဘို့လဲ သုံးတာ မှန်ပါတယ်။
• Rheumatic fever ကို နာမည်အရှည်ကြီး Group A β-hemolytic streptococcal (GAS) tonsillopharyngitis လို့ အတိအကျ ခေါ်ရတယ်။ ဖြစ်စေတဲ့ ဗက်တီးရီးယားနာမည်နဲ့ အာသီး-လည်ချောင်းရောင်ဆိုတာ နှစ်ခုကို တွဲခေါ်တာ ဖြစ်ပါတယ်။
• ရောဂါသေခြာအောင် Throat culture လည်ချောင်းက အကျိအချွဲကိုယူပြီး ရှိနေတဲ့ပိုးကို စစ်ဆေးရတယ်။
• ကုသဘို့ အကောင်းဆုံးဆေးက Penicillin ဖြစ်တယ်။ Penicillin V စားဆေး ရော Benzathine penicillin ထိုးဆေးပါကောင်းတယ်။ • Cost-effective ဈေးလဲမကြီးဘူး၊ Narrow spectrum of activity ဒီပိုးမျိုး သန့်သန့်ကို နိုင်တယ်၊ Long-standing proven efficacy ရေရှည်ထိရောက်တာကို သိထားပြီးဖြစ်တယ်။ ဒီပိုးက ဒီဆေးကို ယဉ်တာမျိုးလဲ မဖြစ်ဘူး။
• (ပနယ်စလင်) မတည့်သူတွေကိုတော့ Cephalosporin နဲ့ Clindamycin စားဆေး ဒါမှမဟုတ် Azithromycin, Clarithromycin, Dirithromycin, Erythromycin, Roxithromycin, Telithromycin, Carbomycin A, Josamycin, Kitasamycin, Midecamycin, Oleandomycin, Solithromycin, Spiramycin နဲ့ Troleandomycin စားဆေးတွေ ပေးနိုင်တယ်။
• တခါဖြစ်ဘူးသူဟာ ထပ်ဖြစ်ဘို့ များတယ်။ ဒါ့ကြောင့် ကာကွယ်နေရတယ်။
• ဘယ်လောက်ကြာကြာ ကာကွယ်နေရမလဲဆိုရင် (၁) အရင်က ဘယ်လောက်များများ ခံထားရသလဲ၊ (၂) နောက်ထပ် ရောဂါပိုး ဝင်နိုင်ခြေ၊ လူနာရဲ့ အသက်၊ နှလုံးကို ထိခိုက်မှု ရှိ-မရှိ၊ ဆိုတာတွေ အပေါ်မှာ မူတည်တယ်။
• ကာကွယ်ရေးမှာလဲ ပနယ်စလင်က အကောင်းဆုံး။ မတည့်ရင် Sulfadiazine, Macrolide နဲ့ Azalides (Azithromycin, Clarithromycin) ဆေးတွေ ပေးနိုင်တယ်။
• ပနယ်စလင်ဆေးဟာ ကိုယ်ဝန်ဆောင်ကိုသုံးတာ အန္တရာယ်မရှိပါ။ မိခင်နို့ထဲမှာ နည်းနည်း ပါနေနိုင်ပေမဲ့ နို့စို့ကလေးကို မထိခိုက်စေပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ