Masturbationက ကျန်းမာရေးကိုထိခိုက်စေလား


Masturbationနဲ့ပက်သက်လို့မြန်မာနိုင်ငံမှာ လူငယ်တွေကို ဘယ်တုန်းကမှာ ပညာပေးတာမျိုးမလုပ်ခဲ့ပါဘူး။ Sex
အကြောင်းပြောခြင်းဟာယုတ်ညံ့တဲ့အလုပ်လို့ ထင်ခဲ့တာလည်းကြာခဲ့ပါပြီ။ အကျိုးဆက်ကတော့ လူငယ်တွေဟာSex
နဲ့ပက်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေနည်းကာ မဖြစ်သင့်တာတွေဖြစ်ကြရပါတယ်။
Masturbationဟာ ကျန်းမာရေးထိခိုက်နိုင်လားဆိုတဲ့မေးခွန်းကလည်း လူငယ်တွေသိချင်နေတဲ့ မေးခွန်းထဲကတစ်ခု
ဖြစ်ပါတယ်။ သုတေသနပြုသူတွေဟာ ယောက်ျားပေါင်း ၃၀၀၀၀ ကို နှစ်၂၀ခန့်စောင့်ကြည့်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသန
တစ်ခုရဲ့အဖြေက မကြာမီရက်ပိုင်းအတွင်းကထွက်ပေါ်လာခဲ့ပါတယ်။ တစ်လကို ၂၁ကြိမ်ခန့် အာသာဖြေဖျောက်တဲ့အမျိုး
သားတွေဟာ တစ်လကို ၇ကြိမ်ခန့် အာသာဖြေဖျောက်တဲ့အမျိုးသားတွေထက် Prostate Cancer ဖြစ်နှုန်း ၁၉ %
အထိလျော့နည်းတာကို တွေ့ခဲ့ရပါတယ်။
တကယ်တော့ တစ်ကိုယ်ရေအာသာဖြေဖျောက်ခြင်းဟာ အန္တာရာယ်ရှိတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အရာရာ
တိုင်းမှာ တန်ဆေးလွန်ဘေးရှိတာမို့ အများကြီးတော့မလုပ်သင့်ပါဘူး။ Masturbationမလုပ်တဲ့ယောက်ျားလေးတွေ
ဟာ များသောအားဖြင့် အိပ်နေရင်း သုတ်လွှတ်တာမျိုးဖြစ်တတ်ပြီး အဲ့ဒိသုတ်ရည်အကျန်ဟာ ဆီးလမ်းကြောင်းမှာခဲ
ပြီး ဆီးလမ်းကြောင်းနဲ့ပက်သက်တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ အိပ်နေရင်း သုတ်ရည်လွှတ်တယ်ဆိုတာ များသော
အားဖြင့် Masturbationမလုပ်ပဲ ထိန်းထားတဲ့သူတွေမှာ အဖြစ်များပါတယ်။
ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများမှာ အမြဲတမ်းလူငယ်တွေကို Sex Educationပေးလေ့ရှိပါတယ်။ ယောက်ျားတွေအသုံးပြုရ
တဲ့ ကွန်ဒုံးကိုတောင် မိန်းကလေးတွေအသုံးပြုတတ်အောင်သင်ပေးထားပါတယ်။ Sexဟာလူသားတိုင်း မလွန်ဆန်နိုင်
တဲ့အရာဖြစ်ပါတယ်။ လူကြားထဲလျှောက်ပြောနေဖို့သင့်တော်တဲ့ကိစ္စမဟုတ်ပဲမေ့ မေ့ဖျောက်ထားသင့်တဲ့ကိစ္စတော့မ
ဟုတ်ပါဘူး။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ