Hiatal hernia ဟိုင်ယေတယ် ဟာနီယာ


ဆရာ ကျွန်တော်လက်ပြင် ဂုတ်နဲ့ ပုခုံးတွေမှာ ကျောတင်းပြီး အနေရခက်နေတာ ၂ နှစ်ခန့်ရှိပါပြီ။ ကွန်ပျူတာ အသုံးများသူတယောက်ဖြစ်လို့ အရိုးအကြောအဆစ်ဆရာဝန်ကြီးများနဲ့ ကုသဖူးပါတယ်။ X-Ray, MRI, CT scan တို့လဲ ရိုက်ဖူးပါတယ်။ အရိုးအဆစ်ပိုင်းမှာ ထူးခြားမှုမရှိဘူးလို့ သိရပါတယ်။ နောက်ပိုင်းမှာ လည်ပင်းအစ်ပြီး အစာမျိုရ ခက်ခဲလို့ အစာအိမ်မှန်ပြောင်းကြည့်တော့ Hiatus Hernia အဆင့် ၃ ရှိကြောင်းသိရပါတယ်။ ဆေး ၂ လသောက်ပြီး မသက်သာလို့ Laproscopic fundoplication လုပ်ပါတယ်ဆရာ။ လုပ်ပြီးပြီးချင်းမှာ သက်သာသလိုရှိပေမဲ့ ၁ လခွဲလောက်မှာ နဂိုအတိုင်း သိသိသာသာအကြောပြန်တက်ပါတယ်။ အခုဆို ၂ လကျော်ရှိပါပြီ။ လက်ပြင်ကြောတင်းခြင်း ဂုတ်ပိုးများတင်းခြင်း လည်ပင်းကြောများ တင်းပြီးအစ်ခြင်း မူးဝေခြင်း တခါတခါမူးပြီး ရိုင်သွားခြင်း တခါတရံအသက်ရှုမဝခြင်းများ ဖြစ်ပါတယ်။ အိပ်ရာထချိန် ပိုဆိုးတတ်ပါတယ်။ ခွဲထားသောဆရာဝန်ကတော့ ၅ လ ၆ လလောက်စောင့်ကြည့်ခိုင်းပါတယ်။ ဒီကြားမှာ နာကျင်မှုက တဖြည်းဖြည်းဆိုးလာလို့ ခွဲပြီးရင် ဒီလိုပဲ နာနေတတ်သေးသလားဆရာ။ ကျွန်တော်ဖြစ်နေတဲ့ဝေဒနာ ဆက်စပ်မှုရှိနိုင်လား သိချင်ပါတယ်ဆရာ။ Hiatus Hernia အကြောင်းလေးလဲပြောပြပေးပါဆရာ။

ဟိုင်ယေတယ် ဟာနီယာဆိုတာ အစာအိမ်ထိပ်ပိုင်းကနေ အစာမျိုပြွန်ဝင်တဲ့နေရာ ကျဉ်းကျဉ်းလေး ဘေးကနေ အထက်ဘက် ကျွံတက်လာတဲ့ရောဂါဖြစ်တယ်။ အပေါက်သေးသေးသာရှိရင် အခက်အခဲမရှိနေနိုင်တယ်။ ကြီးတာဆိုရင်တော့ လိုမယ်။ ရင်ပူတာနဲ့စပြီး သံသယရှိရတယ်။ လေတက်မယ်။ မျိုချရတာခက်မယ်။ ရင်ခေါင်းနေရာအော်င့မယ်။ စားပြီး ရင်ပြည့်နေမယ်။ အန်မယ်။ သွေးစအန်နိုင်တယ်။ သွေးကဝမ်းထဲပါနေမယ်။

Endoscopy ကရိယာနဲ့ကြည့်မယ်။ Barium swallow ဆေးမျိုပြီးဓါတ်မှန်ရိုက်မယ်။ Blood testing သွေးအား နည်းနေသလား စစ်မယ်။

Antacids ဆေးတွေက အက်စစ်ဓါတ်ကိုဖြေပေးမယ်။ Gelusil, Maalox, Mylanta, Rolaids နဲ့ Tums စတာတွေရှိတယ်။
H-2-receptor blockers ဆေးအုပ်စုဖြစ်တဲ့ cimetidine (Tagamet HB), famotidine (Pepcid AC), nizatidine (Axid AR) နဲ့ ranitidine (Zantac 75) ဆေးတွေပေးမယ်။ Proton pump inhibitors ဆေးက အက်စစ်ထွက်နည်းအောင် လုပ်ပေးမယ်။ lansoprazole (Prevacid 24HR) နဲ့ omeprazole (Prilosec OTC) ဆေးတွေဖြစ်တယ်။

ကျွံတာက သွေးမလျှောက်သလို ပိတ်တာဆိုရင်တော့ ခွဲစိတ်ကုသရမယ်။

ဒီစာက မေးတဲ့ရောဂါတခုအကြောင်းသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ