Enterovirus Infection အင်တာရို ဗိုင်းရပ်စ်


ထိုင်းနဲ့ကမ္ဘောဒီယားမှာ ကလေးတွေဖြစ်နေကြတဲ့ EV-71ဗိုင်းရပ်စ်ရောဂါအကြောင်းရှင်းပြပေးပါလားဆရာ။
ရောဂါလက္ခဏာ ဘယ်လိုဆိုတာ သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

Enterovirus 71 (EV71) အင်တာရို ဗိုင်းရပ်စ်ဆိုတာ Hand, foot and mouth disease လက်-ခြေ-ပါးစပ်ရောဂါကို ဖြစ်စေနိုင်တဲ့ ပိုးတွေထဲက တခုဖြစ်တယ်။

EV71 infection ကူးစက်ရောဂါဟာ ကလေးတွေကိုဖြစ်တယ်။ ဖျားမယ်။ ၁-၂ ရက်နေရင် ပါးစပ်မှာ အနာလေးတွေ ပေါက်မယ်။ အနီပြင်ထွက်မယ်။ အပူဖူးပေါက်တယ်။ အနီစက်လေးတွေကနေ အနာဖြစ်လာတယ်။ လည်ချောင်းနာမယ်။ မယားပါ။ လက်တွေ ခြေတွေမှာလည်းဖြစ်တယ်။

ပိုးရှိနေသူရဲ့ နှာခေါင်းနဲ့ လည်ချောင်းကထွက်တာတွေကနေ ကူးစက်တယ်။ အရည်တွေ အညစ်အကြေးတွေထဲမှာ ပိုးပါနေမယ်။ ပိုးဝင်ပြီးနောက် ၃ ရက်ကနေ ၅ ရက်မှာ နေမကောင်းဖြစ်တယ်။

ပိုးတွေကို သေအောင်ဆေးမရှိပါ။ ဖြစ်နေ ခံစားနေရတာကိုသာကြည့်ပြီး ဆေးပေးတယ်။ တချို့ အန်တယ်။ အိပ်မရဖြစ်တယ်။ ခြေလက်တွေ အားနည်းနေမယ်။

ကာကွယ်ဆေး မရှိသေးပါ။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ရမယ်။ လက်မကြာခဏဆေးပါ။ လူထူထပ်ရာ မသွားသင့်။
အညစ်အကြေးတွေကို သန့်အောင် Bleach ခေါ် ချွတ်ဆေးကို ရေနဲ့ ၁း ၉၉ ရေတာနဲ့သုံးနိုင်တယ်။ (1 part of 5.25% bleach with 99 parts of water) ကို ၁၅ မိနစ်ကနေ မိနစ် ၃ဝ ကြာစိမ်ထားပြီး ခြောက်စေပါ။ သတ္တုမျက်နှာပြင်တွေကို 70% alcohol အရက်ပျံနဲ့ ဆေးပါ။

Hand, foot and mouth disease လက်-ခြေ-ပါးစပ်ရောဂါ http://doctortintswe.blogspot.com/2016/02/hand-foot-and-mouth-disease-hfmd.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ