အရွယ်လွန် အိမ်ထောင်ပြု မီးဖွားခြင်းတို့ကြောင့် Endometriosis ရောဂါ ခံစားရသူ ပိုမိုများပြားလာ


အရွယ်လွန်မှ အိမ်ထောင်ပြုခြင်း၊ ကလေးမီးဖွားခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် ပုံမှန် မဟုတ်သော လူနေမှုဘဝ ပုံစံများကြောင့် Endometriosis ရောဂါ(သားအိမ်နံရံမှ တစ်သျှူးများနှင့် ဆဲလ်များ သားအိမ်ပြင်ပသို့ ရောက်ရှိခြင်း) ခံစားရသည့် လူနာများ ပိုမိုများပြားလာသည်ကို တွေ့ ရကြောင်း ဆေးရုံ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားသူ အများစုမှာ အသက် ၃ဝ ကျော်မှ ၄ဝ ကျော်ကြား သက်လတ်ပိုင်း အမျိုးသမီးများဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့တောင်ပိုင်းရှိ CHA Gangnam ဆေးရုံ၌ စစ်ဆေးသော ရောဂါမှတ်တမ်းများအရ ၂ဝဝ၉ ခုနှစ်တွင် ၎င်းရောဂါခံစားရသူ ၃၁၈၄ ဦးရှိရာမှ ၂ဝ၁၆ ခုနှစ်တွင် ၁၅၉၆၈ ဦးအထိ ရှိလာကြောင်း တွေ့ရသည်။

အသက် ၃ဝ ပြည့်ပြီး အမျိုးသမီးများမှာ ၄၈ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားနိုင်ပြီး အသက် ၄ဝ ကျော်အရွယ် အမျိုးသမီးများမှာ ၃၆ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားနိုင်ကြောင်း တွေ့ရသည်။

ဆိုးကျန်းမာရေး အာမခံဌာနမှ ကောက်ယူသော စစ်တမ်းအရ ၂ဝဝ၈ ခုနှစ်တွင် Endo Metriosis ရောဂါခံစားရသူ ၅၃ဝဝဝ ရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ၉၄၈၅၇ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

ထို့ကြောင့် ၎င်းရောဂါကို ကြိုတင်သိရှိနိုင်ရန်အတွက် တင်ပါးဆုံရိုး နာကျင်မှုဝေဒနာကို ခံစားရပါက ပုံမှန်ဆေးစစ်မှုများကို လုပ်ဆောင် သင့်ကြောင်း ကျွမ်းကျင်သူများက အမျိုးသမီးများအား တိုက်တွန်းထားသည်။

ထို့ပြင် အမျိုးသမီးများအနေဖြင့် စိတ်ဖိစီးမှုကို လျှော့ချရမည့်အပြင် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းဖြင့် အဆိုပါရောဂါဖြစ် ပွားမှု လျော့ကျနိုင်ကြောင်း ဆေးပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ