ဆေးဖက်ဝင် ဧကရာဇ်ပင်


အခုပုံမှာ မြင်ရတဲ့အပင်ကို ဧကရာဇ်ပင်လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို Tree Jasmine; Indian Cork Tree စသဖြင့် ခေါ်ကြပြီး ရုက္ခဗေဒအားဖြင့် Millingtonia hortensis Linn လို့ ခေါ်ပါတယ်။
သီတင်းကျွတ်၊ တန်ဆောင်မုန်းလများမှာ ပွင့်၍ အဖြူရောင်ရှိပြီး အနံ့ အနည်းငယ် မွှေးပါတယ်။ အလွန်အေးတဲ့ဒေသများကလွဲပြီး တစ်နိုင်ငံလုံးမှာ သဘာဝအလျောက် ပေါက်ကြပါတယ်။
အရွက်၊ အပွင့်၊ အညွန့်၊ အမြစ် အစိတ်အပိုင်းများ အားလုံးဟာ ဆေးဖက်ဝင်ပါတယ်။
ဆေးအတွက် အသုံးပြုပုံများ
(၁) အရွက်ကို ပြုတ်၍ သုပ်စား၊ ကြော်စားလျှင် မီးယပ်ငုပ်ခြင်းနှင့် သွေးတိုးရောဂါကို ပျောက်စေပါတယ်။
(၂) အပွင့်ကို ဟင်းချို အဖြစ် ချက်သောက်ခြင်း၊ အညွန့်ကို တို့စရာအဖြစ် တို့စားခြင်းဖြင့် သွေးတိုး၊ နှလုံးတုန်ရောဂါတို့ကို ပျောက်ကင်းစေပါတယ်။
(၃) အမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ ဆား၊ သကြား အနည်းငယ်စီထည့်၍ သောက်ပါက နှလုံးတုန်၊ ရင်ခုန်၊ ခေါင်းမူး ပျောက်ပါတယ်။
(၄) အမြစ်နှင့်အခေါက်ကို သွေး၍ မျက်စိတွင် ကွင်းပေးရင် မျက်စိနာ ပျောက်ပါတယ်။
(၅) ၀မ်းကြော၊ ရင်ကြောများ တင်းမာခြင်း အတွက် အမြစ်ကို ဆန်ဆေးရည်နဲ့ သွေးပြီး လိမ်းပေးပါက ပျောက်ပါတယ်။
(၆) အမြစ်အစိုကို ထန်းလျက်နှင့် ကျိုသောက်ခြင်းဖြင့် ခရုသင်း ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။ (ခရုသင်းအတွက် ဧကရာဇ်မြစ်ဆိုတဲ့ ပို့စ်တစ်ခုကိုလည်း အပြည့်အစုံ ရေးတင်ထားပါတယ်)
(၇) အမြစ် သို့မဟုတ် အခေါက်ကိုသွေး၍ လျှာကိုပွတ်ပေးပါက အရက်မူး လွန်ခြင်းကို ပြေစေပါတယ်။
လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင် - ပူတာအို
Myawady Health
https://www.facebook.com/pg/myawadyhealth/photos/?ref=page_internal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ