အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များ

အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များ နေ့စဉ် ကျွန်မတို့ လုပ်မိကြတဲ့ တ ချို့အပြု အမူတွေကြောင့် အလှအပကို ထိခိုက် စေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် အဲဒီလို ပြဿနာတွေ မဖြစ်စေ ဖို့ ဘယ်လို ရှောင်ရှားသင့်တယ် ဆိုတာ လေ့လာကြည့်ရအောင်။

ရှလကာရည်ထည့်ထားသော ဟင်းရွက်သုပ် စားခြင်း

“ရှလကာရည်ရဲ့ pH က ၂ ဒသမ ၅ ဖြစ်ပြီး အက်စစ်ဂုဏ် သတ္တိရှိပါတယ်”လို့ ဖလော်ရီဒါမှ သွားဆရာဝန်ဂျက်ဆန်က ဆိုပါတယ်။ အက်စစ်က သွာြးွေကလွှာ တွေကို တိုက်စားစေနိုင်သလို အရောင် ပါတဲ့ ရှလကာရည်ဆိုရင် သွားတွေကို အစွန်းထင်စေပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

အဖြူရောင် ရှလကာရည်ကို ရွေး ချယ်ရင် သွားတွေကို အစွန်းမထင်စေသ လို ဟင်းနုနယ်လို အယ်လ်ကာလီဓာတ် များတဲ့ အရွက်သုပ်ထဲမှာ ထည့်စားရင် အက်စစ်ဓာတ်ကို ဓာတ်ပြယ်စေပါတယ်။ ဒါပေမဲ့ စားပြီးတာနဲ့ ချက်ချင်း သွားမတိုက်ပါနဲ့။ အနည်းဆုံး ၁၀ မိနစ်ကြာမှ သွားတိုက်သင့်ပါတယ်။

နေ့စဉ် ခေါင်းလျှော်ခြင်း

ဘုံပိုင်ရေတချို့မှာ ကလိုရင်းဓာတ် သိသိသာသာ ပါဝင်ပါတယ်။ ကလိုရင်း ပါတဲ့ ဘုံပိုင်ရေနဲ့ ခေါင်းလျှော်ရင် ဆံပင်သားရဲ့ သဘာဝအဆီဓာတ်တွေ ဆုံးရှုံး ပြီး ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ “နေ့စဉ်ခေါင်းလျှော်တာက ရေကူး ကန်ထဲမှာ ရေကူးတာထက် ပိုဆိုးပါတယ်။ ကလိုရင်းပါတဲ့ ရေနဲ့ တစ်နှစ်ပတ်လုံးထိ တွေ့မှု ရှိနေလို့ပါ”လို့ နယူးယော့ခ်မှ ဆံ ပင်ပညာရှင် ရစ်ဗာက ဆိုပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

ဆံပင်ကို နေ့စဉ် ခေါင်းမလျှော်ဘဲ တစ်ပတ်မှာ ၂-၃ကြိမ်ပဲ လျှော်သင့်ပါ တယ်။ တစ်ပတ်မှာ တစ်ကြိမ် ကလိုရင်း ဖယ်ရှားတဲ့ ဖော်မြူလာပါ ခေါင်းလျှော် ရည်နဲ့ လျှော်ပါ။

မှောက်အိပ်ခြင်းနှင့် ဘေးတစောင်းအိပ်ခြင်း

မှောက်အိပ်တာနဲ့ ဘေးတစောင်း အိပ်တာတွေကြောင့် မျက်နှာပေါ်မှာ အ စင်းကြောင်းထင်စေပြီး မျက်လုံး၊ နှာခေါင်း၊ ပါးပြင်၊ နှုတ်ခမ်းနဲ့ မျက်ခုံးတွေမှာ သေး ငယ်တဲ့ အစင်းရာထင်စေနိုင်ပါတယ်။ “ဒီ လို အစင်းရာထင်နှုန်း ကြာလာပြီး အ သက်ကြီးလာတဲ့အခါမှာ ကော်လာဂျင် ဆုံးရှုံးမှုဖြစ်ကာ အရေးကြောင်း ဖြစ်ပေါ် စေနိုင်ပါတယ်”လို့ နယူးယောက်ရှိ အလှ အပဆိုင်ရာခွဲစိတ်ဆရာဝန် ပက်ထရီရှား က ဆိုပါတယ်။ ဒီအိပ်စက်မှုပုံစံတွေက မျက်နှာမှာ အရည်စုပုံစေပြီး ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

ပက်လက်လှန်အိပ်တဲ့ အနေအထား ကို ပြောင်းပါ။ အနေအထား ပြောင်း အိပ်ဖို့ မလွယ်ရင် ပိုးသားခေါင်းအုံးစွပ် ပေါ်မှာ အိပ်စက်ပေးပါ။ ခေါင်းအုံးပေါ် မျက်နှာမှောက်မိရင်တောင် အသားအ ရေကို ချောမွေ့နေစေပါတယ်။ အိပ်ရာ မဝင်ခင်မှာ ညလိမ်းခရင်မ်လိမ်းပေးပါ။

ပခုံးလွယ်အိတ် လွယ်ခြင်း

လေးလံတဲ့ အိတ်ကို လွယ်တာက ခါးနောက်ကျောအပေါ် ဒဏ်ဖြစ်စေနိုင် ပါတယ်။ လွယ်ကြိုးအောက်မှာ ဆံပင် တွေ ဖိမိတာကြောင့် ဆံပင်သား ပြတ် တောက်မှု ဖြစ်စေနိုင်ကြောင်း နယူး ယောက်ရှိ ဆံပင်ပညာရှင် အေဗားက ဆိုပါတယ်။

ဘယ်လို ဖြေရှင်းမလဲ

လွယ်ကြိုးတိုတိုပါတဲ့ လွယ်အိတ်ကို ပြောင်းလွယ်ပါ။ ဒါမှမဟုတ် ဆံပင်တွေ ကို စည်းနှောင်ထားပါ။

ကြယ်စင်

By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ