ကားအတွင်းအချိန်ကြာမြင့်စွာ နေထိုင်ရသည့်ကလေးငယ်များ အပူရှပ်သေဆုံးမှု နှစ်စဉ်ဖြစ်ပွားကြောင်းတွေ့ရှိ
ကားထဲမှာ အချိန်ကြာမြင့်စွာနေထိုင်ရမှုကြောင့် အပူရှပ်ပြီးသေဆုံးရတဲ့ ကလေးငယ်အရေ အတွက် ဟာနှစ်စဉ်နှစ်တိုင်း ၃၆ ဦးခန့်ရှိနေတာကို တွေ့ရတယ်လို့ စီအင်န်အင်န်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ မိဘတွေအဖို့ နားမလည်နိုင်တဲ့ အိပ်မက်ဆိုးတစ်ခုလိုဖြစ်နေပါတယ်။
ကားရဲ့အပူဒဏ်ကြောင့် အပူရှပ်ပြီး သေဆုံးရမှုဟာ နေရာတိုင်းမှာ ဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။ ပိုပြီးပူအိုက်တဲ့ရာသီတွေမှာ ခုလိုဖြစ်နိုင် တဲ့အ္တရာယ်ပိုများတယ်လို့သိရပါတယ်။ကလေးတွေကိုကားထဲမှာ မေ့ပြီးထားခဲ့တာ။ ဒါမှမဟုတ်ကားတံခါးလော့ကျပြီး ပိတ်မိနေတာ စသဖြင့်မရည်ရွယ်ဘဲ ကားထဲမှာ ချန်ထားခဲ့မိတာမျိုးတွေဟာ မကြာခဏ ကြုံတွေ့ရတဲ့ကိစ္စ ဖြစ်ပါတယ်။
၁၉၉၈ခုနှစ်ကတည်းကစတင်ဖြစ်ပွားခဲ့တဲ့ ကားကြောင့်အပူရှပ်ပြီး သေဆုံးရတဲ့ဖြစ်စဉ်တွေကို ပညာရှင်တစ်စုကအချက်အလက်ကောက်ယူ ခဲ့ကြပါတယ်။ အချက်အလက်တွေအရ ၂ဝ၁ဝ ပြည့်နှစ်ဟာ ကလေးငယ်တွေ ကားအပူကြောင့် သေဆုံးခဲ့ရမှုအများဆုံးနှစ်ဖြစ်ပြီး ကလေးငယ်၄၉ ဦးအထိသေဆုံးခဲ့ တာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။၂ဝ၁၅ ခုနှစ်ကတော့ သေဆုံးမှုနှုန်းအနည်းဆုံးဖြစ်ခဲ့ပြီး ၂၄ ယောက်အထိရှိခဲ့ပါ တယ်။
နေရာဒေသမရွေးဖြစ်ပွားနိုင် ကားအတွင်းမှာ ပူလောင်စွာနေထိုင်ရမှုကြောင့် အပူရှပ်ပြီးကလေး ငယ်တွေ သေဆုံးရတဲ့ဖြစ်ရပ်ဟာ အပူချိန်မြင့်တဲ့ဒေသတွေမှာအဖြစ် အများဆုံးလို့ထင်ရပေမယ့် နေရာဒေသ တိုင်းနီးပါးမှာ ခုလိုဖြစ်ပွားပြီး သေဆုံးရတဲ့မှတ်တမ်းတွေရှိတယ်လို့ ဆိုထားပါတယ်။
NoHeatstroke အဖွဲ့ကစစ်တမ်းကောက်ယူထားတဲ့စာရင်းဇယား တွေအရ ၁၉၉၈ ကနေ၂ဝ၁၅ခုနှစ်အထိ တက္ကဆက်ပြည်နယ်မှာ ဒီလို သေဆုံးမှုအဖြစ်အများဆုံးနေရာတစ်ခုဖြစ်ပြီး လူ ၁ဝဝ အထိသေဆုံးခဲ့ ပါတယ်။ဖလော်ရီဒါမှာ ၇၂ ဦးရှိပြီး ကယ်လီဖိုးနီးယားမှာ ၄၄ ဦးနဲ့ အရီဇိုးနားမှာ ၃ဝ ၊ မြောက်ကာရိုလိုင်းနားမှာ ၂၄ ဦး သေဆုံးမှုရှိခဲ့ပါတယ်။
တက္ကဆက်နဲ့ ကယ်လီဖိုးနီးယားဟာ ပိုပြီးလူဦးရေထူထပ်တဲ့မြို့တွေ ဖြစ်တာကြောင့် ပိုပြီးသေဆုံးသူအရေအတွက်များတယ်လို့ ရာသီဥတုကို ထည့်မတွက်ဘဲ ကောက်ချက်ချနိုင်ပါတယ်။
နွေရာသီမှာသေဆုံးမှုပိုမိုအဖြစ်များ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာ ကားကြောင့်ဖြစ်ရတဲ့ အပူရှပ် သေဆုံးမှုဖြစ်ရပ်နှစ်ခု တက္ကဆက်ပြည်နယ်မှာဖြစ်ပွားခဲ့ပါတယ်။ မိခင်ဖြစ် သူဟာ ညီအစ်မနှစ်ယောက်ကို မရည်ရွယ်ဘဲ ပူလောင်တဲ့ကားထဲမှာ ၁၅ နာရီကြာအောင်ချန်ထားခဲ့မိတဲ့အတွက် သေဆုံးခဲ့ ရခြင်းဖြစ် ပါတယ်။ အာကန်ဆောမှာလည်း ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးဟာ ဗင်ကားထဲ မှာတစ်ရက်နီးပါးကြာအောင် ချန်ထားခဲ့တဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။
အဆိုးဆုံးဖြစ်ရပ်တစ်ခုလို့မဆိုနိုင်ပေမယ့် ဒီလိုအဖြစ်မျိုးတွေဟာ အပူချိန်ပြင်းထန်တဲ့နွေရာသီကာလတွေမှာ အဖြစ်များတာကိုတွေ့မြင်နေရပါတယ်။ ဇွန်လကနေသြဂုတ်လ အထိအချိန်တွေဟာလည်း အပူချိန်ပြင်းတဲ့ အတွက် သတိထားရမယ့်အချိန်တွေဖြစ်ပြီး ၂ဝ၁၇ခုနှစ်မှာသေဆုံးသူ အရေအတွက် ပိုမြင့်တက်လာနိုင် တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
(စီအင်န်အင်န်)
ကလျာမိုးမြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin