အအေးမိနေတဲ့ အချိန်


အအေးမိနေတဲ့ အချိန်မှာ လက်ဖက်ရည် ကလည်း အတော်လေးကို အထောက်အကူ ပြုစေပါတယ်။
၁။ ရေဓာတ်မခန်းခြောက်ပါစေနှင့်
အအေးမိခြင်း၊ တုပ်ကွေး ဖျားခြင်းတို့လို အသက်ရှူ လမ်းကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်တာကြောင့် နှာရည် ယိုတတ်ပါတယ်။ အဲဒီလို အရည် ပိုတွေယိုစီးကျမှုဟာ လည်ချောင်းဆီ ရောက်ပြီး ယားယံ စေကာ ချောင်းဆိုး စေတတ်ပါတယ်။ အရည်များများ သောက်ရင် နှာရည်တွေ ကျဲသွားပါတယ်။ အရည်များများ သောက်တာဟာ အကျိအချွဲ တွေကိုပါ စိုစွတ် နေစေပါတယ်။
၂။ ငုံဆေးနှင့် ဆေးအပူ တွေကလည်း အထောက်အကူ ပြုပါတယ်
ပရုတ်အေး ပါဝင်တာကို စဉ်းစားသင့်ပါတယ်။ သူဟာ လည်ချောင်းနာတာကို သက်သာ စေတယ်။ သူ့ကြောင့် ချောင်းဆိုး ထုတ်မယ့် အကြိမ်ရေ နည်းလာ ပါတယ်။ ပူနွေးတဲ့ ပျားရည်ပါတဲ့ လက်ဖက်ရည် ကလည်း အတော်လေးကို အထောက်အကူ ပြုစေပါတယ်။
၃။ ပြင်းထန်သော အနံ့အသက်များကို ရှောင်ကြဉ်ပါ
အနံ့ဆိုးရွားတဲ့ အမွှေးခဲတွေ၊ ဖျန်းဆေးတွေကလည်း လူတွေရဲ့ နှာခေါင်း မြှေးတွေ ယားယံလာအောင် လှုံ့ဆော် ပေးပါတယ်။ ဒီအချိန်မှာ နာတာရှည် ချောင်းဆိုးခြင်းကို ခံစား ရတတ်ပါတယ်။ သူတို့ကြောင့် ချွဲတွေဟာ ပိုထွက်လာပါတယ်။ အဆိုးရွားဆုံး အချက်ကတော့ ဆေးလိပ်ပါပဲ။ ဆေးလိပ် သောက်တတ်သူ အတော်များများဟာ ဆေးလိပ်ကြောင့် ချောင်းဆိုး တတ်ပါတယ်။ သူတို့ အနား ပတ်ဝန်းကျင်မှာ နေတဲ့ သူတွေ အားလုံးကိုလည်း အသက်ရှူ လမ်းကြောင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ခံစားရ စေပါတယ်။ သူတို့အတွက် အကောင်း ဆုံးအဖြေကတော့ ဆေးလိပ်ဖြတ်ဖို့ပါပဲ။
၎။ ချောင်းဆိုးခြင်း သက်သာအောင်ပြုလုပ်ပေးပါ
နှာရည် ပျော်စေတဲ့ ဆေးတွေ၊ နှာပွင့်စေတဲ့ ဆေးတွေက ရောင်နေတဲ့ နှာခေါင်းရှိ တစ်သျှူးတွေကို အရောင် ကျစေပါတယ်။ အဆုတ်အတွင်းရှိ ချွဲသလိပ်တွေကို ခြောက်သွားစေပြီး အသက်ရှူသွင်း၊ ရှူထုတ် ကောင်းစေပါတယ်။ နှာရည် ပျော်စေတဲ့ ဆေးတွေကို ဆေးလုံး၊ ဆေးရည်၊ အစက်ချ ဆေးရည်ဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ ရနိုင်ပါတယ်။
သောက်ဆေး ပုံစံဆိုရင် သွေးတိုး စေတာကြောင့် သွေးတိုး ရှိသူတွေ အနေနဲ့ သတိထားဖို့ လိုပါတယ်။ ရင်ဘတ်ထဲက အောင့်တဲ့အထိ၊ ညဘက် အိပ်ရေးပျက်လောက်တဲ့ အထိ ချောင်းဆိုး လာပြီဆိုရင်တော့ ချောင်းခြောက် အတွက် အသုံးပြုတဲ့ Dextromethorphan လိုဆေးတွေကို သောက်သင့်ပါတယ်။ ချွဲသလိပ်ပါတဲ့ ချောင်းဆိုး နေရင်တော့ Guaifenesin ပါတဲ့ ဆေးတွေက ပိုပြီး ထိရောက်မှု ရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသက် ၄ နှစ် အောက်တွေက ပိုပြီး ထိရောက်မှု ရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသက် ၄ နှစ်အောက် ကလေးတွေမှာတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက် မရှိဘဲ ဘယ်ဆေးကိုမှ မတိုက်သင့်ပါဘူး။
၅။ ချောင်းဆိုးရသည့် အကြောင်းရင်းကို သိရအောင်လုပ်ပါ
အအေး မိတာကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာဟာ ရက်ပိုင်းအတွင်းမှာ သက်သာသွားပါတယ်။ ကြာရှည် စွဲပြီး ချောင်းဆိုးတာဟာ ဓာတ်မတည့်မှု၊ ရင်ကြပ်ခြင်း၊ တခြား ရောဂါတွေနဲ့ ရောဂါ ကုသတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးရတဲ့ အကြောင်းအရင်းကို သိလာမှသာ ပျောက်ကင်းအောင် ကုသနိုင်ပါလိမ့်မယ်။ ချောင်းဆိုးတာဟာ၂-၄ ပတ်ထက် ကျော်လွန်ခဲ့ပြီး ချောင်းဆိုးရင်း သွေးပါခြင်း၊ ကိုယ်အလေးချိန ကျခြင်း၊ ချမ်းတုန်ခြင်း၊ နုံးခြင်းတို့ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ