အရက် အသောက်များလေ ဆေးလိပ်ဖြတ်ရခက်လေ


အရက်သောက်ခဲ့ချိန်က အခြေအနေကို မသိရှိရပေမဲ့ အရက်မသောက်တော့တဲ့ အချိန်မှာ ခန္ဓာကိုယ်တွင်း နီကိုတင်း ဇီဝဖြစ်စဉ် နှေးကွေးလျော့ကျသွားတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အရက် အသောက်များသူတွေဟာ ခန္ဓာကိုယ်တွင်း နီကိုတင်းပျံ့နှံမှု ပမာဏ လျင်မြန်စွာမြင့်တက်ပြီး အကျိုးဆက်အနေနဲ့ ဆေးလိပ်ဖြတ်ရန် ပိုမိုခက်ခဲကြောင်း သုတေသနရလဒ်က ဆိုပါတယ်။ အရက်သောက်ခဲ့ချိန်က အခြေအနေကို မသိရှိရပေမဲ့ အရက်မသောက်တော့တဲ့ အချိန်မှာ ခန္ဓာကိုယ်တွင်း နီကိုတင်း ဇီဝဖြစ်စဉ် နှေးကွေးလျော့ကျသွားတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ခန္ဓာကိုယ်တွင်း နီကိုတင်း မြင့်တက်နေပါက ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်နိုင်ရန် ခက်ခဲကြောင်း ကယ်လီဖိုးနီးယားတက္ကသိုမှ သုတေသီက ပြောပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ သုတေသီတွေက ပိုလန်နိုင်ငံ အရက်ဖြတ်စင်တာမှာ တက်ရောက်ကုသမှု ခံယူခဲ့တဲ့ ဆေးလိပ်သောက်သူ ၂၂ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
သုတေသီတွေက အရက်မသောက်ဘဲ တစ်ပတ်အကြာ၊ လေးပတ်အကြာနဲ့ ခုနပတ်အကြာမှာ ခန္ဓာကိုယ်တွင်း နီကိုတင်းပမာနဲ့ ဇီဝဖြစ်စဉ်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ၎င်းတို့ရဲ့ တွေ့ရှိချက်အရ အရက်မသောက်ဘဲ သီတင်းပတ် ခုနစ်ပတ်ကြာပါက ခန္ဓာကိုယ်တွင်း နီကိုတင်း ဇီဝဖြစ်စဉ်ဟာ ထက်ဝက်အထိ လျောကျသွားကြောင်း တွေ့ရှိရပါတယ်။
အရက်မသောက်တဲ့ အဆိုပါ သီတင်းပတ် ခုနစ်ပတ်အတွင်း ဆေးလိပ်သောက်မှု ပမာဏကို လျှော့ချခြင်း မရှိပေမဲ့ ခန္ဓာကိုယ်တွင်း နီကိုတင်း မြင့်တက်မှု လျော့နည်းသွားတယ်လို့ သုတေသီတွေက ပြောပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ