ဝက်ခြံအပေါက်များသောအမျိုးသမီးများ အသီးအရွက်ကို ဖောဖောသီသီ စားပေးခြင်းဖြင့် အကျိုးထူးနိုင်


အသက် (၂၅)နှစ်နှင့်အထက်အမျိုးသမီးများတွင် အစားအစာ စားသောက်မှုပုံစံ မှားယွင်း၍လည်းကောင်း ၊ စိတ်ဖိစီးမှု မြင့်မား၍လည်းကောင်း ၀က်ခြံများပေါက်နိုင်သည့်အတွက် အရွယ်ရောက်အမျိုးသမီးများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ဖောဖောသီသီစားပေးခြင်းဖြင့် ၀က်ခြံပေါက်ခြင်းကို ကာကွယ်ခြင်း ၊ သက်သာစေခြင်း တို့ ကို ပြု လုပ်နိုင်မည်ဖြစ်ကြောင်း အမေရိကန်အရေပြားတက္ကသိုလ်မှ သုတေသီများက ပြောသည် ။

အသက် (၁၈)နှစ်အထက် အမျိုးသမီးထုရဲ့  ၄၀ ရာခိုင်နှုန်းကျော်မှာ သက်ကြီးဝက်ခြံတွေ ပေါက်နေပါတယ် ။ သူတို့  ကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အစားနည်းတဲ့အပြင် ငါးကိုပါ လုံးဝနီးပါး မစားသူ တွေ ဖြစ်နေတာကို တွေ့ ရပါတယ် ။ မုန့် ပဲသွားရေစာနဲ့  အမြန်ရအစားအစာ အစားများသူတွေမှာ သက်ကြီးဝက်ခြံ ပိုပေါက်တာကိုတွေ့ ရသလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ လူနေမှု ပုံစံရယ် ၊ စိတ်ဖိစီးမှုလွန်ကဲတာတွေရယ်ကြောင့်လည်း သက်ကြီးဝက်ခြံပေါက်တာကို တွေ့ ပါတယ်ဟု နယူးယောက်အခြေစိုက် Mount Sinai အရေပြားတက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Debra Jaliman က ပြောပြသည် ။

ကာဗိုဟိုက်ဒရိတ်နှင့်သကြား ပါဝင်မှုများပြားသော ကွတ်ကီးဘီစကွတ် ၊ ဒိုးနတ် ၊ ကိတ် ၊ ထမင်းဖြူ နှင့် အာလူးကြော် တို့ သည် အဆိုးဆုံးတရားခံများဖြစ်ကြောင်း ၊ ဂလိုက်စီမစ်ညွှန်းကိန်းမြင့်မားသော အစားအစာများသည် ခန္ဓာကိုယ် တွင်း အပူဓါတ်ကိုလွန်ကဲစေပြီး အရေပြားပေါ်တွင် အပူဖု များပေါက်ခြင်းဖြစ်ကြောင်း ၊ ၄င်းအပူဖုကို ၀က်ခြံဟု ခေါ် ဆိုခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြ သည် ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်၊ ငါး အစရှိတာတွေကို တစ်ပတ်ကို (၄)ရက် အနည်းဆုံး စားပေးရပါမယ် ။ အဲဒီလိုမှ မလုပ်နိုင်ဘဲ အသားနဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတာတွေကိုပဲ အစားကျူးနေမယ်ဆိုရင်တော့ ၀က်ခြံပေါက်နိုင်ခြေက လည်း နှစ်ဆ မြင့်သွားပါလိမ့်မယ် ။ ငါးမှာ Omega-3 ဖက်တီအက်ဆစ် ကြွယ်ဝပါတယ် ။ အသီးအနှံနဲ့ ဟင်းသီးဟင်း ရွက်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗိုက်တာမင်၊ သတ္တုဓါတ်နဲ့ အဟာရတွေ ပါဝင်ပါတယ် ။ ဒါတွေကိုများများ စားပေးခြင်း အားဖြင့် ပေါက်ပြီးသား ၀က်ခြံကို ပျောက်အောင် ကုသပေးမှာမဟုတ်ပေမယ့် ပိုဆိုးမလာအောင်၊ သက် သာရာရအောင်နဲ့  ၀က်ခြံမပေါက်သေးသူမှာ ၀က်ခြံပေါက်တဲ့ဖြစ်စဉ်ကို နှေးသွားအောင် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ် ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည် ။

ဇန် (၄) ကျန်းမာရေး၊ သမန်းကျား။
Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ