နှာခေါင်းသွေးလျှံခြင်း


နှာခေါင်းသွေးလျှံတာ လူတိုင်းလိုလို ကြုံဖူးကြပါတယ်။ အများအားဖြင့် ကလေးငယ်တွေမှာ အဖြစ်များ တတ်တယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတာကအစ ရာသီဥတုကြောင့်ရော ပင်ပန်းတဲ့ အလုပ်နဲ့ အားကစားတွေကြောင့် ဖြစ်တတ်ပါတယ်။ နှာခေါင်း သွေးလျှံခြင်းနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက် (၇)ချက် ရှိပါတယ် ။

အဲဒါတွေကတော့-

(၁) နှာခေါင်း သွေးလျှံသူကို ခပ်ကိုင်းကိုင်း ထိုင်ခိုင်း ထားရမယ်-နှာခေါင်း သွေးလျှံနေ သူကို ရှေ့ခေါင်းငိုက် ပြီး ခပ်ကိုင်းကိုင်း ထိုင်ခိုင်းရမယ် ။ ခေါင်းကို နောက်လှန်ထားရင် သွေးများက နှာခေါင်းထဲက တစ်ဆင့် လည်ချောင်းထဲ ဆင်းသွား နိုင်ပါတယ် ။ ထွက်လာတဲ့ သွေးများကို နှာခေါင်းပေါက်ကနေ အပြင် ထွက်သွား စေရမယ် ။ ပြုစုသူဟာ ဖြစ်နိုင်ရင် လက်အိတ် စွပ်ထားရမယ်။ လူနာရဲ့ နှာခေါင်းကို ဖိကိုင်ရမှာ ဖြစ်လို့ လက်အိတ် စွပ်ထားရင် လက်မှာ အနာရှိရင်တောင် လူနာက တခြား ကူးစက်ရောဂါ (ဘီပိုး၊ စီပိုး) တို့ကို ကာကွယ်ပြီးသား ဖြစ်သွားတယ်။ သွေးလျှံနေတာကိုလည်း ညှစ်ထုတ်ဖို့ မလိုပါဘူး ။

(၂) နှာခေါင်း ပိတ်ထားရမယ်- နှာခေါင်းကို လက်နဲ့ညှစ်ပြီး ပိတ်ထား ခိုင်းရမယ် ။ ပါးစပ်ကနေ အသက် ရှူစေရမယ်။ နှာခေါင်းပိတ်ထားမှ သွေးလျှံတာက လျော့သွားမယ်။ လက်ဆေးခွက် သို့မဟုတ် ရေထည့် ထားတဲ့ ဇလုံတစ်ခုအပေါ် ခေါင်းငိုက်ထားပြီး ထွက်လာတဲ့ သွေးစများကို ဖြည်းဖြည်းချင်း သပ်ချခိုင်းရမယ် ။ ခေါင်းကို လှန်ထားရင် သွေးများ မျိုချမိကာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ် ။ နောက်ပြီး နှာမချေ မိအောင် ၊ သွေးများ မျိုမချမိအောင် ၊ ချောင်းမဆိုးအောင် တတ်နိုင်သမျှ ထိန်းခိုင်း ထားရမယ် ။

(၃) နှာခေါင်းကို စစ်ဆေးကြည့်သင့်တယ်-နှာခေါင်းကို လက်နဲ့ ညှစ်ပိတ် ကိုင်ထားတာ ၁ဝ မိနစ်လောက် ရှိရင် လွှတ်လိုက်ကာ သွေးထပ်ပြီး လျှံ၊ မလျှံ စောင့်ကြည့်ရမယ်။ သွေးလျှံနေတုန်း ဆိုရင် နောက်ထပ် ၁ဝ မိနစ် ညှစ်ပြီး ကိုင်ထားရမယ် ။

(၄) အအေးနှင့်ဖိပါ- လူနာကို ရေခဲ သို့မဟုတ် အအေးတုံး တစ်ခုခု၊ ရေခဲသေတ္တာထဲက ဖန်ခွက် တစ်ခုခုနဲ့ နှာခေါင်းရိုး တစ်လျှောက် ပွတ်သပ်ပေးခြင်းက သွေးမြန်မြန် ခဲသွားအောင် ကုပေးနိုင်ပါတယ် ။

(၅) နှာခေါင်းကို ထပ်မံ စစ်ဆေးသင့်တယ်-သွေးတိတ်သွားပြီ ဆိုရင် ရေစိုဝတ်နဲ့ လူနာ နှာခေါင်းကို ပွတ်တိုက် သန့်ရှင်းပေးရမယ်။ နောက်ပြီး ၁၂ နာရီ အတွင်း နှပ် မညှစ်မိဖို့၊ ပြင်းထန်တဲ့ လှုပ်ရှားမှု မပြုဖို့ သတိ ပေးသင့် ပါတယ် ။

(၆) ဆရာဝန်နှင့် ပြသဖို့ လိုတယ်- တစ်ပတ် တစ်ကြိမ်မက နှာခေါင်း သွေးလျှံရင် သွေးတိုးရောဂါ ဖြစ်နိုင် လို့ ဆရာဝန်နဲ့ ပြသခိုင်းရမယ်။ သွေးခဲခြင်း မဖြစ်အောင် သွေးကျဲဆေး သောက်နေရသူများ အနေဖြင့် မကြာမကြာ နှာခေါင်းသွေးလျှံတာ ရှိလာရင် ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။ ခေါင်းထဲ ဆစ်ကနဲ ဖြစ် ပြီး သွေးရည် နည်းနည်းပါတဲ့ အရည်ကြည်များ နှာခေါင်းက ထွက်လာရင် ဦးခေါင်းခွံ အက်နေခြင်းကြောင့် ဖြစ်ပါတယ် ။

(၇) နှာခေါင်းသွေးလျှံခြင်း နှာခေါင်းသွေးလျှံခြင်းဟာ ရုတ်တရက် ကြုံတွေ့နိုင်ပြီး မတော်တဆ ထိခိုက်မှု ၊ လက်ဝှေ့ ၊ ဘောလုံး ၊ ဘတ်စကက်ဘော ကစားရင်း ဒဏ်ရာရမှု ၊ လက်နဲ့ တစ်ချိန်လုံး နှိုက်နေခြင်း ၊ အပြင်းအထန် နှာချေခြင်းတို့ကနေ နှာခေါင်းသွေး လျှံကျတတ်လို့ ပြင်းထန်တဲ့ အပြုအမူများ လုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ