ဦးနှောက်မှတ်ဥာဏ် ဆုံးရှုံးမှု ဖြစ်စေတဲ့ ဆေးဝါး (၂၀) မျိုး


ဆေးညွှန်းအရဖော်စပ်ထားတဲ့ ဆေးတွေကြောင့် နှစ်စဉ် လူ ၁၀၀,၀၀၀ ကျော် သေဆုံးကြပြီး သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက လူ ၁.၅ မီလျှံဝန်းကျင် ဆေးရုံရောက်စေပါတယ်။
ဆေးဝါးများစွာဟာ ၄င်းတို့ရဲ့ မူပိုင်ခွင့် မကုန်ုဆုံးခင် အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သေချာစမ်းသပ်စစ်ဆေးမှု မရှိဘဲ လူတွေကြား မရေမတွက်နိုင်တဲ့ ပြသနာတွေ ဖြစ်ပွားစေပါတယ်။
ဒီဆေးဝါးတွေထဲ တချို့မှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပြီး ဦးနှောက်ထိခိုက်ကာ မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ မှတ်ဥာဏ်ဆုံးရှုံးမှုပြသနာဖြစ်စေတဲ့ ဆေးဝါးတွေကို အောက်ပါအတိုင်း (၃) မျိုးခွဲခြားထားပါတယ်။
၁။ Statin drugs ကိုလက်ထရောလျော့ကျဆေး
Cholesterol လျော့ကျဆေးတွေ မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေကြောင်း လေ့လာမှုအများအပြားက ဖော်ပြခဲ့ပါတယ်။ ဒီဆေးဝါးတွေသုံးစွဲခြင်းက အာရုံစူးစိုက်မရခြင်းနဲ့ မေ့တတ်ခြင်းတွေ ဖြစ်စေပါတယ်။
၂။ အိပ်ဆေး Sleeping pills
ဒီဆေးဝါးများက ရေတိုနဲ့ ရေရှည် မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ လေ့လာချက်အရ အိပ်ဆေးအမျိုးအစားအားလုံးက ဦးနှောက် မှတ်ဥာဏ်နဲ့ လုပ်ဆောင်ချက်ကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေပါတယ်။
တချို့ဆေးတွေဆိုရင် အထိန်းအကွပ်မရှိ အရက်သေစာသောက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်ဆီးတဲ့အခါ ဖြစ်ပေါ်တဲ့ သတိလွတ်ခြင်းမျိုး အခြေအနေတောင် ဖြစ်စေပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်အမှတ်မရနိုင်တော့ပါဘူး။
၃။ The Anti drugs
Anti-drugs တွေဆိုတာ antidepressants, antibiotics, antipsychotics, antispasmodics, antihypertensives, antihistamines တို့လို anti- နဲ့ စတဲ့ ဆေးဝါးအားလုံးကို ဆိုလိုပါတယ်။
ဒီဆေးတွေဟာ မှတ်ဥာဏ်ကို ဒုက္ခအပေးဆုံးအရာတွေ ဖြစ်ပါတယ်။ အသိအမြင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်နဲ့ မှတ်ဥာဏ်အဖို့ တာဝန်ရှိတဲ့ neurotransmitter acetylcholine ရဲ့ လှုပ်ရှားမှု အဟန့်အတားဖြစ်စေတာကြောင့် ဖြစ်ပါတယ်။
ဒီလိုဆေးဝါးမျိုးတွေ မရေမတွက်နိုင်အောင် အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါ့ကြောင့် အလွန်အကျွံသောက်ပါက ရောဂါကို ပိုလို့တောင်ခက်ခဲရှုပ်ထွေးစေပါတယ်။
ဦးနှောက်မှတ်ဥာဏ်ဆုံးရှုံးမှုဖြစ်စေတဲ့ ဆေးဝါး (၂၀) ခု ကတော့
· သွေးတိုးဆေးများ
· အကိုက်အခဲပျောက်ဆေးများ (Painkillers)
· လီသီယံ (Lithium)
· ဓာတ်မတည့်ရောဂါကုဆေး (Antihistamines)
· သွေးကျဆေး (Methyldopa)
· For Parkinson’s- glycopyrrolate, atropine, or scopolamine
· အိပ်ဆေး (Sleeping pills)
· ဆီးချိုထိန်းဆေး (Insulin)
· ရောင်ရမ်းကိုက်ခဲမှုပျောက်ဆေး (Naproxen)
· ဟော်မုန်းဆေး (Steroids)
· ဝက်ရူးပြန်ရောဂါပျောက်ဆေး (Dilantin and phenytoin)
· ကိုယ်နိုင်ဆေး (Quinidine)
· စိတ်ဖိစီးမှုပျောက်ကင်းဆေး (Antidepressants)
ဒီဆေးဝါးတွေ သုံးစွဲခြင်းက မှတ်ဥာဏ်ဆုံးရှုံးမှု ရောဂါလက္ခဏာမျိုးစုံ ဖြစ်စေနိုင်ပါတယ်။
· လမ်းညွှန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ရန် ခက်ခဲခြင်း
· မေးခွန်းတစ်ခုတည်းကို ပြန်ပြန်မေးခြင်း
· စိတ်ခံစားချက် သွေဖယ်ပြီး အမူအကျင့်ပြောင်းလဲခြင်း
· သတိလွတ်ခြင်း
ဒီဘေးထွက်ဆုံးကျိုးတို့က ယာယီဖြစ်ပါတယ်။ ကုသမှု အချိန်မီပြောင်းပါက ရေရှည်အကျိုးသက်ရောက်မှုတွေ ကြုံရမှာ မဟုတ်ဘဲ ဒီဆေးဝါးများအသုံးပြုခြင်း ရပ်ပြီးတာနဲ့ ရောဂါလက္ခဏာတွေ မီးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီဆေးဝါးတွေနဲ့ ကင်းဝေးစေမယ့် အကောင်းဆုံးနည်းက ကျန်းမာရေးနဲ့ ကိုက်ညီအောက်ပြုမူနေထိုင်၊ ဦးနှောက်ဥာဏ်ရည် တိုးမြင့်တဲ့ အာဟာရကြွယ်ဝတဲ့ အစားအစာမျှတအောင်စားပြီး တက်တက်ကြွကြွနေပါ။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ