ဝက်ခြံကုသကာကွယ်နည်းအဆင့်ဆင့်


သင့်တွင် ဝက်ခြံရောဂါလက္ခဏာများ ရှိပါက ဆရာဝန်က သင်၏ အသားအရေကို စစ်ဆေးအကဲဖြတ်ခြင်းဖြင့် ရောဂါကို အတည်ပြုပေးနိုင် ပါလိမ့်မည်။

အိမ်တွင် ဝက်ခြံကုသနည်း
မျက်နှာမှ အဆီနှင့် အညစ်အကြေးများကို ဖယ်ရှားရန် မပြင်းမပျော့သော ဆပ်ပြာကိုသုံး၍ နေ့စဉ်ဆေးကြော သန့်စင်ပါ။ ခေါင်း ပုံမှန်လျှော်ပါ။ ဆံပင်နှင့် မျက်နှာ ထိမနေပါစေနှင့်။

ဝက်ခြံများကို မညှစ်ပါနှင့်

ဘက်တီးရီးယားများ ပျံ့နှံ့နိုင်ပြီး အဆီ ပိုထွက်လာစေသည်။ ဦးထုပ်များ (သို့မဟုတ်) ခေါင်းစည်းများ တင်းတင်းကျပ်ကျပ် ဝတ်ဆင် စည်းနှောင်ထားခြင်းမျိုးရှောင်ပါ။

သင့်မျက်နှာကို မထိပါနှင့်

ဝက်ခြံ မထွက်စေပါဟု တံဆိပ်ကပ်ထားသော (သို့မဟုတ်)ရေကို အခြေခံသော မိတ်ကပ်ကိုသာ သုံးပါ။

ဆေးဝါးဖြင့် ကုသခြင်း
ဝက်ခြံပျောက်ရန် ကိုယ့်အစီအစဉ်ဖြင့် ကြိုးစားမှုများ မအောင်မြင်ပါက အကူအညီဖြစ်စေမည့် ဆေးဝါးများရှိပါသည်။ ယင်းဆေးဝါးအများစုတွင် အရေပြားခြောက်သွေးမှု (သို့မဟုတ်) ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင်သော ပစ္စည်းများ ပါဝင်သည်။

ဘန်ဇွိုင်းပါအောက်ဆိုက် (benzoyl peroxide)

ဝက်ခြံများ အသစ်ထွက်မလာစေရန်နှင့် ရှိပြီး ဝက်ခြံများခြောက်၍ ပျောက်သွားစေရန် အသုံးပြုသော လိမ်းဆေးများနှင့် ဝက်ခြံပျောက် ဆေးခရင်မ်များစွာတွင် ဘန်ဇွိုင်းပါအောက်ဆိုက် ပါဝင်သည်။

ဆာလ်ဖာ (sulfur)

လိုးရှင်းများ၊ သန့်စင်ဆေးများနှင့် တစ်ခါသုံး မျက်နှာကပ်ခွာများတွင် ပါဝင်သည့် ထူးခြားသော အနံ့ရှိသော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။

ရီဆော့စီနယ်လ် (resorcinol)

သေဆုံးသွားသော အရေပြားဆဲလ်များကို ဖယ်ရှားရာတွင် သုံးသည့် တွေ့ရနည်းသော ပစ္စည်းတစ်မျိုးဖြစ်သည်။

ဆာလီဆိုက်လစ်အက်စစ် (Salicylic acid)

ဆပ်ပြာများ၊ ဝက်ခြံပျောက်စေသည့် သန့်စင်ဆေးများတွင် ပါဝင်သည့် အထက်ပါပစ္စည်းများ ပါဝင်သော ဝက်ခြံပျောက်ဆေးများ ရွေးဝယ်သုံးပါ။ တစ်ခါတစ်ရံတွင် ဝက်ခြံရောဂါလက္ခဏာများကို ဆက်လက် မြင်တွေ့နေရချိန်တွင် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် ဆရာဝန်နှင့် သင်တွေ့ချင်ပေလိမ့်မည်။ သင့်ရောဂါလက္ခဏာများ လျှော့ချရန်နှင့် အမာရွတ်များ မဖြစ်စေရန် ကူညီနိုင်မည့် ဆေးဝါးများ ဆရာဝန်က ညွှန်းနိုင်သည်။

ထပ်ဆောင်းကုသမှု
ပြင်းထန်သော ဝက်ခြံများကို ကုသရန်နှင့် အမာရွတ်များ မဖြစ်စေရန် ထပ်ဆောင်း လုပ်ထုံးလုပ်နည်းများကို ဆရာဝန်က အကြံပေးပါလိမ့်မည်။ ယင်းလုပ်ထုံးလုပ်နည်း များစွာမှာ ပျက်စီးသွားသည့် အရေပြားကို ဖယ်ရှားခြင်းပင်ဖြစ်သည်။

အလင်းစွမ်းအင်ဖြင့်ကုသနည်း (Photodynamic therapy)

လေဆာဖြင့်ကုသနည်းဟုလည်း သိရသည်။ အရေပြား၏ အပေါ်ဆုံးအလွှာကို အလင်းစွမ်းအင်ဖြင့် ဖယ်ရှားပစ်ခြင်းဖြစ်သည်။

ဝက်ခြံများကို ခွဲစိတ်ဖယ်ရှားခြင်း (dermabrasion)

လည်နေသော စုတ်တံဖြင့် အပေါ်ဆုံး အရေပြားအလွှာကို ဖယ်ရှားသော နည်းဖြစ်သည်။

ဓာတုဗေဒနည်းဖြင့် အရေခွံကွာစေခြင်း (chemical peel)

အပေါ်ဆုံး အရေပြားလွှာကို လောင်ကျွမ်း ပျောက်ကွယ်သွားစေမည့် ဓာတုဗေဒတစ်မျိုးကို သင်၏မျက်နှာပေါ်တွင် အလှအပပညာဆိုင်ရာ ဆရာဝန်က ထည့်ပေးလေ့ရှိသည်။ ယင်းအရေပြားမှာ နောက်ပိုင်းတွင် ကွာကျသွားမည်ဖြစ်ကာ ပျက်ဆီးမှုနည်းသေးသော အောက်မှ အရေပြား ပေါ်ထွက်လာမည်ဖြစ်သည်။

ဝက်ခြံကို မည်သို့ကာကွယ်နိုင်သနည်း
ဝက်ခြံကာကွယ်ရန် ခက်ခဲပါသည်။ သို့သော် အောက်ပါဖော်ပြပါ နည်းလမ်းများဖြင့် ဝက်ခြံကာကွယ်ရန် ကြိုးစားနေသော သင့်အတွက် အကူအညီဖြစ်ပါစေလိမ့်မည်။

ဆီပါဝင်မှုမရှိသော မျက်နှာသန့်စင်ဆေးဖြင့် တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။ အဆီပိုများကို ဖယ်ရှားရန် ခရင်မ်များသုံးပါ။ ဆီပါသော မိတ်ကပ်များ လိမ်းခြင်းရှောင်ပါ။ မိတ်ကပ်များ ဖယ်ရှားပစ်ခြင်း အပါအဝင် အိပ်ရာမဝင်မီ အရေပြားကို နှံ့နှံ့စပ်စပ် ဆေးကြောသန့်စင်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေချိုးပါ။ တင်းကျပ်သော အဝတ်အစားများ မဝတ်ပါနှင့်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ