ကင်ဆာဆဲ ကြီးထွားလာမှု နှေးကွေးစေမည့်နည်းလမ်းအသစ် ပညာရှင်များ တွေ့ရှိ


ကင်ဆာဆဲများ ကြီးထွားမှု နှေးကွေးစေမည့် နည်းလမ်းတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ရိုချက်စတာတက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိထားကြောင်း သိရသည်။

အဆိုပါနည်းလမ်း အသစ်တွင် Tudor-SN နှင့် မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာခြင်းနည်းပညာဖြစ်သည့် CRISPR-Case 9 ပါဝင်ကြောင်း Science ဂျာနယ်တွင် ဖော်ပြထားသည်။

၎င်းနည်းလမ်းအသစ်ကို သေသေချာချာ လေ့လာကြည့်သည့်အခါ ဆဲလည်ပတ်မှုဖြစ်စဉ်၏ ကြိုတင်ပြင်ဆင်မှုအဆင့်ဖြစ်သည့် ဆဲများကွဲထွက်ရန် အသင့်ဖြစ်သည့် အချိန်တွင် Tudor-SNပရိုတိန်းသည် မည်ကဲ့သို့ အရေးပါသည်ကို သုတေသနပညာရှင်များက တွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ကင်ဆာဆဲများအတွင်း ကျန်းမာသန်စွမ်း သောဆဲများထက် Tudor-SN ပရိုတိန်းများက အလျှံပယ်ဖြစ်နေကြောင်း၊ ယင်းပရိုတိန်းများကို ပစ်မှတ်ထားခြင်းသည် ကင်ဆာဆဲများ လျင်မြန်စွာကြီးထွားမှုကို တားမြစ်စေနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ယူဆထားသည်ဟု သုတေသနအဖွဲ့ခေါင်းဆောင် ရီယတ်အေအယ်ဘာဘာရီက ထုတ်ပြန်ချက်တွင် ပြောသည်။

ကျောက်ကပ်နှင့် သားအိမ်ခေါင်း ကင်ဆာဆဲများကို ဓာတ်ခွဲခန်းအတွင်း စူးစမ်းလေ့လာရာမှ ယခုကဲ့သို့တွေ့ရှိခြင်း ဖြစ်ကြောင်းနှင့် လူသားများတွင် အသုံးချနိုင်ရန်အတွက် အလှမ်းဝေးလွန်းနေသေးကြောင်း သိရသည်။

မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ