ရေအောက်လမ်းလျှောက်စက်တွေက လေဖြတ်သူတွေအတွက် ပိုအကျိုးရှိ


လေဖြတ်ပြီး ပထမပိုင်းရက် သတ္တပတ် အနည်းငယ်အတွင်းမှာ အေရိုးဗစ်လေ့ကျင့်ခန်းကို ပြင်းပြင်း ထန်ထန် အာရုံစိုက်လုပ်ပေးနိုင်ပါက သေချာပေါက် အကျိုးများနိုင်တယ် ဆိုတာ အများစုက သိပြီးဖြစ်ပါတယ်။ လေ့ကျင့်ခန်း အတွက်ကလည်း အများစုက လမ်းလျှောက်စက်ကို အသုံးပြုဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ တော့ ကြွက်သားတွေက အားမရှိ၊ အားမစိုက်နိုင်တဲ့ အခြေအနေမှာ လမ်းလျှောက်စက်ပေါ် လေ့ကျင့်ခန်း လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် နီးပါးခက်ခဲပါတယ်။

 ယင်းပြဿနာ အတွက် သုတေသီတွေက Aquatic treadmill exercise လို့ခေါ်တဲ့ ရေအောက် လမ်းလျှောက်စက်နဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်းကို သုတေ သနလုပ်ခဲ့ကြပါတယ်။ သုတေသန မှာ ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်ပြီး အနည်းငယ် ပြန်သက်သာလာကာ၊ လမ်းအနည်းငယ် လျှောက်နိုင်တဲ့ ဝေဒနာရှင်တွေ ပါဝင်ခဲ့ပါတယ်။ ပါ ၀င်သူတွေကို ပုံမှန်လမ်းလျှောက်စက် ပေါ်မှာ တစ်ခါ၊ ရင်ဘတ်အထိ မြှပ်တဲ့ရေထဲမှာ ထည့်ထားတဲ့ လမ်း လျှောက်စက်ပေါ်မှာ တစ်ခါလေ့ ကျင့်ခန်း လုပ်စေခဲ့ပါတယ်။ စစ်ဆေး မှုနှစ်ခုလုံးမှာ လမ်းလျှောက်နှုန်းနဲ့ လျောစောက်အမြင့်ကို တဖြည်းဖြည်း လူနာ လုံးဝလိုက်မလုပ်နိုင်တော့ လောက်တဲ့အထိ မြှင့်ခဲ့ပါတယ်။

အဲဒီနောက်လေ့ကျင့်ခန်းနှစ်ခုကြား လေ့ကျင့်ခန်းစွမ်းရည်ကို တိုင်းတာ ခဲ့ကြပါတယ်။ တိုင်းတာရာမှာ အောက်ဆီဂျင်အသုံးပြုမှု (နှလုံးနဲ့ အဆုတ် တုန့်ပြန်ပုံ) နဲ့ စွမ်းအင် အသုံးပြုမှု (ဇီဝရုပ်ဖြစ်ပျက်မှု မျှချေ)တို့ကို အဓိကထား စစ်ဆေးခဲ့ပါတယ်။ ရေအောက်လမ်းလျှောက်စက်နဲ့ လေ့ ကျင့်ခန်းလုပ်စဉ်မှာ အောက်ဆီဂျင် အသုံးပြုမှုရော၊ စွမ်းအင်အသုံးပြုမှုပါ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။

 နှလုံးခုန်နှုန်းကတော့ သိသိသာသာ မကွဲပြားတာကို တွေ့ရပါတယ်။ လေ့ ကျင့်ခန်းရဲ့ လုပ်ဆောင်နိုင်မှုပိုင်းက ရေအောက် လမ်းလျှောက်စက်မှာ ပိုပြီးပြင်းပြင်းထန်ထန် လုပ်ရပေမယ့် လူနာတွေကတော့ ပုံမှန်လမ်း လျှောက်စက်မှာလောက် ပြင်းပြင်း ထန်ထန်မလုပ်ရဘူးလို့ ခံစားရတာ တွေ့ရပါတယ်။ အကြောင်းကတော့ ရေရဲ့ဖော့ဂုဏ်သတ္တိက ကြွက်သား တွေအပေါ် သက်ရောက်မှုကို လျော့ ချပေးတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့ အပြင် ရေထဲမှာလေ့ကျင့်ခန်းလုပ် ခြင်းအားဖြင့် ပြုတ်ကျမှာ ကြောက်ရွံ့ တာ စတဲ့စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုး တွေကိုလည်း ပေးစေပါတယ်။ ဒါ့ အပြင် ရေအောက်လမ်းလျှောက်စက် မှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အခြေ ခံကြွက်သားတွေရဲ့စွမ်းဆောင် ရည် ပိုမိုတက်လာရုံသာမက ပြန်လည် နလန်ထနှုန်းကလည်း ပိုမြန်ပြီး နောက်ပိုင်းကာလတွေမှာ ဘ၀ အရည်အသွေး ပိုကောင်းစေတယ်လို့ American Journal of Physical Medicine and Rehabilitation မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ