ခန္ဓာကိုယ်ထဲ မဝင်ရောက်သင့်တဲ့ အုန်းဆီ


လူအများစုဟာ အဆီဓာတ်ရာနှုန်းပြည့်ပါဝင်နေတဲ့အုန်းဆီကို ဘာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်နေ ကြတယ်ဆိုတာကို မစဉ်းစားတတ်အောင် ဘဲလို့ စားသုံးဆီနဲ့ နှလုံးသွေးကြောဆိုင်ရာ အကြံပေးအဖွဲ့ သုတေသနပညာရှင် ဖရန်ဆက်က မှတ်ချက်ချခဲ့ပါတယ်။

စားသုံးဆီနဲ့ နှလုံးသွေးကြော ဆိုင်ရာအကြံပေးအဖွဲ့ဟာ ပြည့်ဝဆီတွေ ကို သုတေသနပြုလုပ်ထားတဲ့ အချက် အလက်တွေနဲ့ သုံးသပ်လိုက်တဲ့အခါ အုန်းဆီဟာမကောင်းတဲ့ ကိုလက်စထ ရောပမာဏ တိုးပွားစေတာ တွေ့ရ ပါတယ်။ အခြားသောပြည့်ဝဆီမြင့်မားစွာပါဝင်နေတဲ့အဆီတွေဖြစ်တဲ့ အမဲဆီ၊ ထောပတ်၊ ထန်းသီးအဆီတွေနဲ့ အုန်း ဆီရဲ့ကွဲပြားခြားနားမှုကို လေ့လာသူတွေ က အခုထိ မတွေ့ရှိသေးဘူးလို့ ဆိုပါ တယ်။

အမှန်တကယ်အားဖြင့် စားအုန်းဆီ ထဲမှာ ပြည့်ဝဆီ၈၂ရာခိုင်နှုန်း ပါဝင်နေပြီး ထောပတ်မှာ ၆၂ ရာခိုင်နှုန်းပါဝင်နေပါ တယ်။ အမဲဆီမှာပြည့်ဝဆီပါဝင်မှုနှုန်းက ၅ဝ ရာခိုင်နှုန်းဖြစ်ပြီး ဝက်ဆီမှာတော့ ၃၉ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် နှိုင်းယှဉ် ကြည့်လိုက်တဲ့အခါ အုန်းဆီဟာပြည့်ဝဆီ ပါဝင်မှုနှုန်းအများဆုံးအဖြစ် တွေ့မြင် ရမှာဖြစ်ပါတယ်။

အုန်းဆီဟာLDL ကိုလက်စထ ရောပမာဏကိုတိုးပွားစေပြီး အဲဒီ ကိုလက်စထရောက နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေတဲ့အပြင် ကောင်းကျိုးသက်ရောက်မှု မရှိ သလောက်ဖြစ်တာကြောင့် စားအုန်းဆီ ကို အသုံးမပြုဖို့ အကြံပြုထားတယ်လို့ အမေရိကန်နှလုံးရောဂါဆိုင်ရာ အဖွဲ့ အစည်းက ပြောကြားခဲ့ပါတယ်။
ကိုလက်စထရော ပမာဏလျှော့ချ ချင်သူတွေအတွက် နေ့စဉ်ပုံမှန် ကယ်လိုရီစားသုံးမှုရဲ့ ၆ရာခိုင်နှုန်းလောက် သာပြည့်ဝဆီပါဝင်မှုရှိရမယ်လို့ အမေ ရိကန် နှလုံးရောဂါဆိုင်ရာ အဖွဲ့အစည်း(AHA) ကအကြံပြုထားပါတယ်။

အုန်းဆီတွေကို လွှင့်မပစ်ခင်မှာ စားအုန်းဆီမှာ တင်ကျန်နေတတ်တဲ့ အမျိုးအစားဖြစ်တယ်ဆိုတာကို သိထား ရမှာ ဖြစ်ပါတယ်။ ပြည့်ဝဆီကိုနေ့စဉ်ပုံမှန် အစာစားသုံးမှုကနေ လျှော့ချပစ်လိုက် တဲ့လူတွေဟာ နှလုံးရောဂါဖြစ်ပွားနိုင် တဲ့အန္တရာယ်ကိုလည်းအလိုလိုလျှော့ချ ပြီးသားဖြစ်တဲ့အတွက် စိုးရိမ်ပူပန်စရာ မလိုတော့ဘူးလို့ AHAက အကြံပြု ထားပါတယ်။
ဘာကြောင့် ဒီလိုအကြံ ပြုရသလဲဆို တော့ တချို့ဟာသကြား၊ ဂျုံမှုန့်ဖြူနဲ့ ကယ်လိုရီမပါတဲ့ အစားအစာတွေကိုပါ မစားသုံးတော့ဘဲ ရှောင်ကြဉ်လိုက်တာမျိုးပြုလုပ်တတ်တဲ့အတွက်ကြောင့်ဖြစ်ပါ တယ်။

ဒါ့အပြင် တချို့ အစားအစာတွေ မှာပါတဲ့အဆီဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အကူအညီပေးတဲ့ အတွက်ကြောင့် စားသုံးသင့်တဲ့အဆီ ဖြစ်ပါတယ်။
ဒါပေမယ့်အုန်းဆီဟာ ဆံပင်ကို ပျော့ပျောင်းစေနိုင်တဲ့ conditioner သို့မဟုတ် moisturizer အဖြစ်နဲ့ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။
ဆိုလိုချင်တဲ့ သဘောကတော့ အုန်းဆီကို သင့်ခန္ဓာကိုယ်ပေါ်မှာ အသုံး ပြုနိုင်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲ ကိုတော့ မရောက်ရှိစေသင့်ဘူးလို့ ဖရန်ဆက်က ပြောကြားခဲ့ပါတယ်။

ကလျာမိုးမြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ