ကန်စွန်းဥ၏ ကျန်းမာရေးအကျိုးကျေးဇူးများ


ကန်စွန်းဥသည် Vitamin A, B, နှင့် E တို့ ပါဝင်သည့်အတွက် လူသားတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်သည့် သဘာဝအသီးအနှံတစ်ခု ဖြစ်သည်။
ကန်စွန်းဥသည် အ၀ါရောင်၊ ငချိတ်ရောင်၊ အဖြူဖျော့ဖျော့ရောင် စသည်တို့ရှိကြပြီး အားလုံးသည် ဆေးဖက်ဝင်ပါသည်။ အရွက်၊ အညွန့်တို့အားလုံးလည်း ဆေးဖက်ဝင်သည်။
(၁) အစာအိမ်နှင့်အူလမ်းကြောင်းတို့ကို အားကောင်းစေသည်။
(၂) မျက်စိနှင့်အမြင်အာရုံကြောများကို အားကောင်းစေသည်။
(၃) အာဟာရပြည့်ဝ၍ ခန္ဓာကိုယ်နှင့်ဦးနှောက်တို့ကို ဖွံ့ဖြိုးစေသည်။
(၄) နှလုံးကို အားကောင်းစေသည်။
(၅) ကိုယ်ခံအားမြင့်စေ၍ ပြင်ပမှ ကူးစက်ရောဂါများကို ကာကွယ်ပေးသည်။
(၆) ဗီတာမင်ဓါတ်များနှင့်သံဓါတ်များပြည့်ဝသည်။ ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေသည်။
(၇) အဆုတ်၏လုပ်ဆောင်မှုများကို အားကောင်းစေသည်။
(၈) အသည်းကို သန့်စင်ပေးသည်။ အဆီကို ကျစေသည်။
(၉) သွေးထဲမှ သကြားဓါတ်ကို ထိန်းညှိပေးသည်။ သွေးပေါင်း မှန်စေသည်။
(၁၀) ဖိုက်ဘာဓါတ်ပြည့်ဝ၍ အစာကြေလွယ်စေသည်။ ခွန်အားကို ဖြစ်စေသည်။
(၁၁) အစားအစာထဲမှ မလိုအပ်သော အဆီဓါတ်များကို စုပ်ယူပေးသည့်အတွက် အ၀လွန်ရောဂါကို ကာကွယ်ပေးသည်။
(၁၂) သဘာဝအသီးအနှံဓါပြည့်ဝ၍ အသားအရေကို စိုပြေလှပစေသည်။
သတိပြုရန် -
ကန်စွန်းဥ၏အခွံသည် အမဲစက်ဖြစ်ခြင်း၊ အညိုကွက်များပေါ်နေခြင်း စသည့်လက္ခဏာပြ၍ အရောင်ပြောင်းလဲနေလျှင် ကန်စွန်းဥ၏အူတိုင် ပုတ်နေပြီဖြစ်၍ စားသုံးရန် မသင့်ပါ။ လတ်လတ်ဆတ်ဆတ်ကိုသာ စားသုံးရန် အကြံပြုပါသည်။
လူသားအားလုံး ကျန်းမာပျော်ရွှင်စွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ