မျက်ခွံမို့အစ်ခြင်း အတွက် သခွားသီးနှင့် လက်ဖက်စိမ်း

မျက်ခွံမို့အစ်ခြင်းအတွက် သခွားသီးနှင့် လက်ဖက်စိမ်း မျက်ခွံမို့အစ်ခြင်းနှင့် မျက်ကွင်း ညိုခြင်းတို့ဟာ စိတ် ဖိစီးမှုများခြင်း၊ အသက်အရွယ်ကြီး ရင့်ခြင်းနှင့် အိပ်ရေး ပျက်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါတွေကို ကုစားဖို့ အမျိုးသမီး တော်တော်များများဟာ Eye Cream တွေကို ဈေးကြီးပေးဝယ်ပြီး သုံးရပါတယ်။ ငွေကြေးကုန်ကျ သက် သာပြီး လွယ်ကူတဲ့ အိမ်တွင်း အလှပြင်ပစ္စည်းလေးတွေ ကလည်း မယုံနိုင်စရာအစွမ်းထက် ပါတယ်။ သခွားသီးနဲ့ လက်ဖက်စိမ်း (Green Tea) ကို အသုံးပြုကြည့်ကြ ပါစို့။

ပါဝင်ပစ္စည်းများ

သခွားသီး - တစ်ခြမ်း လက်ဖက်စိမ်းအိတ်- တစ်အိတ် တစ်ခါသောက် လက်ဖက်စိမ်း အိတ်ငယ် (Green Tea Bag) ကိုယူပြီး ရေနွေးနှင့် စိမ်ပါ။ အအေးခံပြီး ရေခဲ သေတ္တာထဲ ထည့်ထားပါ။ လက်ဖက်စိမ်းရည်ထဲကို သခွားသီးအလွှာလေးများကို ထည့်ပါ။ ပြီးရင် ရေခဲ သေတ္တာထဲ ပြန်ထည့်ပါ။ လက်ဖက်စိမ်းရည်နှင့် စိမ်ထား သော သခွားသီးလွှာ အေးအေးလေးများကို မျက်လုံး တစ်ဝိုက်မှာ ၁ဝ မိနစ်ခန့် ကပ်ပေးပါ။

  By Health Digest 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ