ဗီတာမင်ဒီချို့တဲ့ခြင်းက ကလေးများတွင် သွေးအားနည်းစေနိုင်

ဗီတာမင်ဒီ ပမာဏနည်းပါးခြင်းဟာ ကလေးငယ်တွေမှာ သွေးအားနည်းရောဂါ (Anaemia)  ရနိုင်ချေ များတယ်ဆိုတာကို သုတေသနတစ် ခုမှာ ဖော်ပြထားပါတယ်။ ဒါကို ဂျွန်ဟော့ကင်းတက္ကသိုလ်၊ ကလေးဆေးရုံကြီးက သုတေသီတွေက လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီတာမင်ဒီနဲ့ ဟေမိုဂလိုဘင်တို့ရဲ့ ဆက်စပ်နေမှုကို လေ့လာခဲ့တာ ဖြစ်ပြီး ဗီတာမင်ဒီဟာ ရိုးတွင်းခြင်ဆီထဲက သွေးနီဥထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပြီး သွေးအားနည်းခြင်းကို ကာကွယ်စေမယ့် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်းလည်း ဗီတာမင်ဒီမှာရှိနေပါတယ်။

ဒီလေ့လာမှုမှာ သုတေသီတွေဟာ ကလေးငယ် ၁၀၄၀၀ဦးရဲ့ သွေးနမူနာတွေကို ရယူကာ ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ရလဒ် များအရတော့ ဗီတာမင်ဒီချို့တဲ့နေတဲ့ ကလေးငယ်တွေမှာ ဟေမိုဂလိုဘင် ပမာဏပါ ကျဆင်းနေတာကိုတွေ့ ရပါတယ်။ ဒီအခါမှာ သွေးအားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ကလေးငယ်တွေမှာ ဗီတာမင်ဒီ ပမာဏ30 nangrams/mm ထက်နည်းရင် သွေးအားနည်းရောဂါရနိုင်တယ်လို့ သုတေသီတွေက ပြောကြား ထားပါတယ်။
ဒီလေ့လာမှုကို Journal of Pediatrics မှာ ဖော်ပြထားပါတယ်။

သက်နှင်း
ref;ANI
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ