ဝေးလံခေါင်သီဒေသများရှိ သန္ဓေတားဆေးအမှန်တကယ်လိုအပ်နေသည့် အမျိုးသမီးများထံ တားဆေး ရောက်ရှိရန်ဒေါ်လာတစ်သန်းကျော်အသုံးပြုမည်


မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီသော ဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသည့် သန္ဓေ တားဆေး အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တားဆေးရရှိနိုင်ရန် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင်ဒေါ်လာတစ်သန်းကျော်အသုံးပြုသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)မှ သိရှိရသည်။ယင်းစီမံချက်တွင် အမျိုးသမီးနှစ်သိန်းကျော်ကို ဝန်ဆောင် မှုပေးနိုင်ရန်မျှော်မှန်းထားပြီး ကိုယ်တိုင်အသုံးပြုနိုင် သော အရေပြားအောက်ထိုးသည့် သန္ဓေတားဆေး(SAYANA PRESS)ကို ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေပြားအောက် ထိုးသွင်းနိုင်တဲ့ သန္ဓေတားဆေးတွေကြောင့် မြန်မာအမျိုးသမီးတွေအတွက် ရင်သွေးတွေ ကို ဘယ်အချိန်မှာ ဘယ်လောက်အရေအတွက်အထိ ရယူမယ်ဆိုတာမျိုးကို ကိုယ်နဲ့သက်ဆိုင်တဲ့ အရေးကိစ္စ တွေမှာ ကိုယ်တိုင် ဆုံးဖြတ် လုပ်ဆောင်နိုင်ကြတော့မှာဖြစ်ပါတယ်။“ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ဌာနေကိုယ်စားလှယ် မစ္စဂျဲနက်ဂျက်ဆင်က ပြောသည်။ယင်းစီမံချက်တွင် ပထမဆုံးအဆင့်အနေဖြင့် မြို့နယ်(၆၀)ရှိ သားဖွားဆရာမ(၃၀၀၀)ဦးကို သင်တန်းများပေးပြီး သန္ဓေတားဆေးအသုံးပြုသူများအတွက် လိုအပ်သည့် အကူအညီများပေးသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ