တက်တူးအသစ်ထိုးပြီး ရေကူးသည့်အမျိုးသား ပိုးကူးစက်ကာသေဆုံး


အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၌နေထိုင်သူ အသက် (၃၁) နှစ်အရွယ် အမျိုးသား တစ်ဦးသည် တက်တူးအသစ်အထိုးခံပြီး ၅ ရက်ခန့် အကြာ၌ မက္ကဆီကိုပင်လယ်ကွေ့ သို့ သွားရောက်ကာ အပျော်တမ်း ရေကူးခတ်ခဲ့ရာမှ ရောဂါပိုးကူးစက်ခံရပြိး နောက်ထပ် ၃ ရက်အကြာ၌ ဆေးရုံသို့ တင်ဆောင် ကုသမှုခံယူခဲ့ ရသည်အထိ ဝေဒနာပြင်းထန်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။

တက်တူးအထိုးခံပြီးလျင် အနာမကျက်မခြင်း အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ တက်တူးကို အမြဲဖုံးအုပ် ထားသင့်ပြီး ရေ၊ဖုန်နှင့် အခြားသော ဗိုင်းရပ်၊ဗက်တီးရီးယား အစရှိသည်တို့  မ၀င်ရောက်နိုင်အောင် ဂရု ပြုရမည်ဖြစ်ကြောင်း၊ ရေကူးခြင်း၊ လေသလပ်ခံထားခြင်း အစရှိသည်တို့ ကို ပြုလုပ်လျင် ရောဂါပိုးကူးစက် ခံရမည်ဖြစ်ကြောင်း နားလည်တတ်ကျွမ်းသူများက ပြောသည်။

တက်တူးဂန်းက အရေပြားကိုဖောက်လိုက်တဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်ဖို့  အပေါက် အသစ်တစ်ပေါက် ဖောက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တက်တူးကြီးလေ၊ အပေါက်တွေ မရေမတွက်နိုင် အောင် များလေပါ။ ပိုးကူးစက်မှုခံရနိုင်ခြေ အလွန်မြင့်မားပါတယ်။ တက်တူးထိုးပြီး ဆိုင်ကစည်းပေးလိုက် တဲ့ ပတ်တီးကို ပထမဆုံးအကြိမ် ပြန်ခွာတဲ့အခါ ပိုးသတ်ဆေးနဲ့  ညင်သာစွာပွတ်တိုက်ပေးဖို့  လိုအပ်ပါတယ်။ အရေပြားပေါ်ကအနာ အပြည့်အ၀မကျက်သေးသရွေ့  ပိုးသတ်ဆေးနဲ့  အနာသန့် ရှင်းရေးကို မှန်မှန်လုပ် ပေးဖို့  အလွန်အရေးကြီးပါတယ်ဟု အဆိုပါအမျိုးသားကို လက်ခံကုသပေးခဲ့သည့် Dallas မြို့ ၊ Parkland Memorial Hospital မှ တာဝန်ကျဆရာဝန်ကြီးက ပြောပြသည်။

တက်တူးထိုးပြီးတဲ့ အစောပိုင်းကာလတွေမှာ လုံးဝရှောင်ကြဉ်ရမှာ ရေချက်ခြင်းချိုးတာ၊ ရေကူးတာ၊ လေ သလပ်ခံတာ အစရှိတာတို့ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ပိုးဝင်ပြီး ကျောက်ကပ်ဆိုးရွားစွာထိခိုက်ပါတယ်။ အဲဒီကနေ ၁၂ နာရီအတွင်း လူနာ၇ဲ့ အခြေအနေ အလွန်ဆိုးရွားသွားနိုင်ပြီး နဂိုကတည်းက အရက်သေစာ သောက်သုံးတတ်သူတွေမို့  အသည်းပျက်စိးမှုဖြစ်ထားတယ်ဆိုရင် အသက်သေဆုံးနိုင်ခြေက ပိုစော၊ပိုမြင့် သွားနိုင်ပါတယ်ဟု ၄င်းက သတိပေးပြောကြားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ