မိတ်ဆွေ သင်သည် ဆေးလိပ်သောက်နေပါက ဆေးလိပ်ဖြတ်လိုက်ပါ ဘယ်တော့မှ နောက်မကျပါ


ကင်ဆာရဲ့ ဘယ်အဆင့်မှာမဆို ဆေးလိပ်ဖြတ်နိုင်ရင် ကင်ဆာရောဂါရှင်ရဲ့ အသက်ကို ရှည်အောင်ဆွဲဆန့်နိုင်ပါတယ်။ အဆုတ်ကင်ဆာလို့ သတ်မှတ်ခံထားရသူဟာ သေမိန့်ကျတာ မဟုတ်ပါဘူး။ ဒီအဆင့်မှာ ဆေးလိပ်ဖြတ်နိုင်ရင် အသက်ရှင်နိုင်တဲ့ အခွင့်အရေး ပိုများတယ်လို့ ဆရာဝန်တွေက ထုတ်ဖော်ပေးထားပါတယ်။

ကင်ဆာရောဂါမှန်း သိရှိပြီးနောက် ဆေးလိပ်ဖြတ်သူတွေဟာ နောက်ထပ်ငါးနှစ် အသက်ရှင်နှုန်း ၆၃ မှ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ ဆေးလိပ်ဆက်သောက်သူတွေမှာမူ အသက်ရှင်နှုန်း ၂၉ မှ ၃၃ ရာခိုင်နှုန်းသာ ရှိတယ်လို့ ကင်ဆာသုတေသီတွေက ပြောကြားပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာ အသက်ရှင်နှုန်းအတွက် သုတေသန ၁၀ ကို ပြန်လေ့လာပြီးမှ ပြောကြတာပါ။

ဆေးလိပ်သောက်တာဟာ ကင်ဆာကြီးထွားမှုကို ပိုပြီးအားပေးတာကြောင့်လို့ ဆိုပါတယ်။ တစ်သက်လုံး ဆေးလိပ်သောက်လာသူတွေဟာ လုံးဝ ဆေးလိပ်မသောက်သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အဆ ၂၀ ရှိတယ်ဆိုတာ လေ့လာမှုအရ သိရှိရပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ