Alpha-fetoprotein (AFP) blood test အသည်းကင်ဆာ စမ်းနည်းတခု


Alpha Fetoprotein ဆိုတာဘာကိုပြောတာလည်းဆရာ။

မေးတဲ့သူ အသက် မသိ။ ကျား-မ မသိ။ ဘာဖြစ်နေ မသိ။ အရင်မေးတဲ့သူကတော့ မေးနည်းစည်းကမ်းနဲ့အညီ မေးပါတယ်။

ဆရာရေ သမီးအသက်က အခု ၃၀ ပါ။ သမီးက ကင်ဆာရောဂါသည်ပါ။ သားဥအိမ်မှာ အလုံးတည်ပြီး ကိုယ်ဝန်ပါရှိနေလို့ ၅ လခွဲမှာ အလုံးကိုခွဲထုတ်ပြီး ကလေးပါ အဖတ်မတင်ပါဘူး။ သားဥအိမ် ဘယ်ဘက်ခြမ်းလည်း ထုတ်ထားပါတယ်။ အဲလိုနဲ့ ကင်ဆာဆိုပြီး သမီးဆေးသွင်းတာ ၄ ကြိမ်။ ပြီးတော့ ၆ လနားရပါတယ်။ နားတဲ့အချိန်မှာ လတိုင်း AFP နဲ့ Beta hcg စစ်ကြည့်တော့ AFP ကတက်လာပါတယ် တက်လာတာနဲ့ သမီးက ကင်ဆာဆေး ထပ်သွင်းရပါတယ်။ ပုံမှန်နေထိုင်လည်း AFP ကတက်လာနေတယ် အဲဒီ AFP က ဘာကြောင့် တက်တာလည်းသိချင်လို့ပါဆရာရယ်။ သားအိမ်တော့ မထုတ်ထားဘူးဆရာ။ သမီးက ကင်ဆာဆေးမသွင်းရင် နေလို့ကောင်းတယ်၊ ဆေးသွင်းတိုင်း လူကနေလို့မကောင်းလို့ ကင်ဆာဆေးသွင်းရမှာမုန်းတယ်ဆရာ။ သမီးကိုလည်း AFP တက်တိုင်း ဆေးသွင်းခိုင်နေလို့ပါ။

သွေးပြန်စစ်ကြည်တာ Alphafoeto Protain 10.6 H < 7.1 UG/L လို့ တွေ့ရပါတယ်။ AFP မြင့်နေရင် ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ တကယ်ကင်ဆာဆို ဘယ်လောက်ထိ မြင့်တက်နိုင်ပါသလဲ ဆရာ။ ကျေးဇူးပါဆရာ။

သန္ဓေသားမှာ အများအပြားတွေရတဲ့ (ပရိုတင်း) တမျိုးကို alpha-fetoprotein (AFP) ခေါ်တယ်။ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ အသည်းကနေ ထုတ်ပေးနေတာဖြစ်တယ်။ မွေးကာစမှာများနေမယ်။ မွေးပြီးတနှစ်အတွင်းမှာ နည်းလာတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အာရုံကြောချို့ယွင်းချက်နဲ့ကလေးဆိုရင်လည်းများနေမယ်။

လူကြီးတွေကိုစမ်းရင် 10 ng/ml ကပုံမှန်ဖြစ်တယ်။ 500 nanograms/milliliter (ng/ml) ထက်များနေရင်
- Hepatocellular carcinoma (HCC) အသည်းကင်ဆာ၊
- Germ cell tumors မျိုးဥအိမ်နဲ့ ကျားအစိကင်ဆာတွေနဲ့
- Ataxia telangiectasia တွေဖြစ်နေနိုင်တယ်။

ရက်တိုနဲ့ နာတာရှည်အသည်းမကောင်းသူတွေမှာ ကင်ဆာလို့မပြောနိုင်သေးပေမယ့် များနေမယ်။ 500 ng/ml ထက်တော့ မများပါ။ အသည်းမှာ အသည်းကစတဲ့ကင်ဆာကို Primary liver cancer (သို့) hepatocellular carcinoma (သို့) hepatoma လို့ခေါ်တယ်။ အသည်းကင်ဆာ ၆ဝ-၇ဝ% မှာ AFP များနေမယ်။ များနေတိုင်းတော့ အသည်းကင်ဆာလို့ တိတိကျကျ ပြောမရပါ။ ရည်ညွှန်းချက်တခုလို့သာပြောနိုင်တယ်။ အလားတူ နည်းနေပေမယ့်လည်း ကင်ဆာဖြစ်ချင်ဖြစ်နိုင်တယ်။ ၅ဝ-၇ဝ% ကျားအစိကင်ဆာမှာ များနေတယ်။

AFP များတာဟာ အဓိက အသည်းကင်ဆာနဲ့ ကျားအစိကင်ဆာတွေမှာဖြစ်တယ်။ ဒုတိယလိုက်တာတွေက အစာအိမ်ကင်ဆာ၊ သည်းခြေကင်ဆာနဲ့ သရက်ရွက်ကင်ဆာတွေဖြစ်တယ်။ ကင်ဆာမဟုတ်တဲ့ အသည်းခြောက်တာ၊ အသည်းရောင်တာနဲ့ ကိုယ်ဝန်မှာလည်း များနေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ