‘Super Food’ လို့ တင်စားနေကြတဲ့ ဘာလီ


ဘာလီကိုတော့ ဒီတိုင်းစားသုံးတာနည်းပေမယ့် တစ်ခြားစားစရာတွေ အတော်များများထဲမှာတော့ ဘာလီကို ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ တွေ့ရပါတယ်။ သုတေသန ပြုလုပ်သူတွေကတော့ ဘာလီကို ပုံမှန်စားသုံးပေးသင့်ပြီး ကျန်းမာရေးကို ဘက်ပေါင်းစုံကနေ အထောက်အကူပြုလို့ ‘Super Food’ တောင်မှ တင်စားထားရတယ်လို့ ပြောပါတယ်။

ညိုဖျော့ဖျော့အရောင်ရှိတဲ့ ဘာလီကိုတော့ စပါးလိုပဲ အစေ့ကနေ လိုသလိုပြန်လည်ပြုလုပ်ပြီးတော့ စားစရာတွေမှာ ပြန်လည်ထည့်သွင်း အသုံးပြုတာဖြစ်ပါတယ်။ ကောက်နှံတွေနဲ့ ပြုလုပ်ထားတဲ့ မနက်စာတွေ ၊ ပူတင်းတွေ ၊ ပေါင်မုန့်တွေနဲ့ စွပ်ပြုတ်တွေမှာတော့ ဘာလီကို ထည့်သွင်း အသုံးပြုတာများပြားပါတယ်။

ဘာလီမှာတော့ အာဟာရဖြစ်စေတဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် လူတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေကို ထိန်းညှိပေးနိုင်ပြီး မလိုအပ်ဘဲ အစားစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

သွေးတွင်းသကြားပါဝင်မှုနှုန်းတွေ နဲ့ အင်ဆူလင်ထုတ်လုပ်မှုနှုန်းတွေကို ဘာလီက လျှော့ချပေးနိုင် တာကြောင့် ဘာလီကို စားသုံးရင်တော့ ဆီးချို သွေးချိုရောဂါဖြစ်နိုင်ချေကို နည်းပါးစေတယ်လို့ သိရပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်ရတာဟာဆိုရင်တော့ ဘာလီဟာ အစာလမ်းကြောင်းထဲကို ရောက်ရှိသွားချိန်မှာတော့ ခန္ဒာကိုယ်အတွက် ကောင်းမွန်စေတဲ့ ဘက်တီးရီးယားလေးတွေကို ထုတ်လုပ်စေပြီး အရေးကြီးတဲ့ ဟော်မုန်းဓာတ်တွေကိုလည်း မြှင့်တက်စေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ဘာလီကို စားသုံးလိုက်တဲ့အချိန်မှာ လူတွေကို အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ဇီဝကမ္မစနစ်ကို ပုံမှန်လည်ပတ်စေနိုင်တာကို တွေ့ရတယ်။ ဒါ့အပြင် နာတာရှည် အဆစ် အမြစ် ကိုက်ခဲတာတွေကိုလည်း သူက လျှော့ချပေးနိုင်တာကို တွေ့ရပြန်တယ် ” လို့ ဒေါက်တာ နယ်လ်ဆင်က ပြောပါတယ်။

ဘာလီဟာ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဝိတ်လျှော့နေတဲ့ သူတွေအတွက်တော့ စားသင့်တဲ့အစားအစာတစ်ခုဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း လျှော့ချပေးနိုင်တာကြောင့် ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားမှုနှုန်းကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။
ဒီနေ့ခေတ် ပေါင်မုန့်တွေမှာတော့ ၈၅ ရာနှုန်းသော ပေါင်မုန့်တွေဟာ ဘာလီကို ထည့်သွင်း အသုံး မပြုကြတော့ ဘဲ မိမိအိမ်မှာသာ ကိုယ့်ဖာသာကိုယ် ထည့်သွင်းအသုံးပြုနိုင်မှသာ စားသုံးနိုင်တော့ မှာဖြစ်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ