သကြားလွတ်ပီကေဝါးခြင်းက ခံတွင်းကျန်းမာရေးကို အားပေး

ဗြိတိန်နိုင်ငံက လေ့လာသူတွေရဲ့ ပြောကြားချက်အရတော့ သကြားလွတ်ပီကေဝါးတာဟာ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပြီး ခံတွင်းပိုင်းဆိုင်ရာ ကုသမှုတွေ ပြုလုပ်ရတဲ့ ကုန်ကျစရိတ်တွေကိုလည်း သက်သာစေမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၂ နှစ်အရွယ်ကလေးအတော်များများဟာဆိုရင်တော့ သူတို့ အစားစားပြီးတိုင်းမှာ သကြားလွတ်ပီကေတစ်ခုဝါးတာဟာဆိုရင် ခံတွင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး အမြဲတမ်း ကျန်းမာနေမှာဖြစ်တယ်လို့ သိရပါတယ်။

ပီကေဝါးရာကနေ ခံတွင်းထဲမှာ တံတွေးပိုထွက်ပြီး အညစ်အကြေးတွေ တင်ကျန်နေတာကို သန့်ရှင်းပေးနိုင်တာကတော့ ခံတွင်းကို ကျန်းမာစေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီတံတွေးတွေဟာ အစာခြေစနစ်ကိုလည်း အားပေးပြီး တစ်ခြားကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။

ဗြိတိန်ကျန်းမာရေးဋ္ဌာနက ထုတ်ပြန်ချက်အရတော့ အခုလို ပီကေဝါးတာဟာ ခံတွင်းကို ကုသရတဲ့ ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်ပြီး အကျိုးဆက်အနေနဲ့တော့ တစ်နှစ်ကို ဆေးကုသမှုစရိတ် ဒေါ်လာ ၄၁ သန်းအထိ သက်သာစေနိုင်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ