Promiscuity အတူနေဖက်များခြင်း


၁၄ နှစ်သမီးလေးပို့စ်ကိုဖတ်ကြတော့ အတော်ယူကြုံးမရဖြစ်ကြတယ်။ ကျွန်တော့်ဆီလာတဲ့မေးခွန်းတွေထဲမှာ အဲလိုအဖြစ်မျိုးတွေက စုံတယ်။ တချို့ဟာတွေကို ဆိုရှယ်မီဒီယာမှာ ထုတ်မရေးအပ်ပါ။ အရင် သတ်ပုံအမှားစာတပုဒ်မှာ ရည်စား (၅) ယောက်ထားတဲ့ကလေးမ မေးတာတွေ့ပါမယ်။ ညတုန်းက ရည်းစား အခုထိ (၈) ယောက်ထားသူက စိုးရိမ်လို့ မေးတယ်။ မိန်းကလေး၊ အိမ်ထောင်မကျသေး၊ အသက်က ၃ဝ မပြည့်သေး။ သူကတော့ အတူနေဖက်တွေတဲ့။ သူ့ဆီကို ဖြေတော့ ဒီစာမရေးရသေးပါ။ မေးခွန်းပြန်တွေ့မှ ပို့ပေးရမယ်။

အတူနေဖက်များတာကို Promiscuity လို့ခေါ်တယ်။ အတူနေဖက်များရင် ဘာတွေကို စိုးရိမ်ရသလဲ။ ကျန်းမာရေးဖက်ကသာ ပြောပါမယ်။ လူမှုရေးမှာ ဖြစ်ပျက်တာတွေပါ စာရေးပြောကြလို့ ကျွန်တော်သိရတယ်။

Longevity အသက်တိုသလားနဲ့စမယ်။ တိုတိုဖြေရရင် ရက်စ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေ၊ HIV/AIDS ရောဂါ၊ မိန်းမဆို သားအိမ်ဝကင်ဆာ၊ ယောက်ျားဆို ဆီးကျိတ်ကင်ဆာ၊ နှစ်ယောက်လုံးမှာ ခံတွင်းကင်ဆာတွေဖြစ်စရာ အခွင့်အလမ်း ပိုလို့ဖြစ်ပါတယ်။ ဆောရီး။

ယူအက်စ်အေမှာ အသက် ၄၄ နှစ်အရွယ်တွေကိုလေ့လာတော့ အတူနေအဖေါ် ယောက်ျားတွေမှာ ပျမ်းမျှ (၇) ယောက်၊ မိန်းမတွေမှာ (၄) ယောက်ရှိပါသတဲ့။ အတူနေဖက် (၁ဝ) ယောက်ကျော်တာ ယောက်ျား ၃၃% နဲ့ မိန်းမ ၉% မှာ ရှိပါသတဲ့။ အဲဒီလူတွေအားလုံးမှာ ကျန်းမာရေးအန္တရာယ်ကိုယ်စီရှိကြတယ်။

အတူနေဖက်များခြင်းဟာ အမူအယာအခြေအနေတခုဖြစ်တယ်။ အရက်သောက်လွန်ကဲခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ အထိန်တလန့်ဖြစ်တာမျိုးသဘောကျခြင်း စတဲ့အမူအယာဆန်းတွေနဲ့ ခိုင်းနှိုင်းနိုင်တယ်။

Physical abuse ရုပ်ပိုင်းစော်ကားမှုလည်း အဖေါ်မများသူတွေထက်ခံရတယ်လို့ လေ့လာမှုကဆိုပါတယ်။

Emotional health စိတ်ခံစားမှုလည်းရှိကြတယ်။ ကိုယ့်ကိုယ်ကို ဟုတ်ပါ့မလား တွေးမယ်။ ဘာဖြစ်မလဲ စိုးရိမ်မယ်။ အပြစ်နောင်တလည်းရနေမယ်။ ခက်တာက တခါတခါသာအဲလိုတွေးတယ်။ မထူးပါဘူးလို့ ယူဆမယ်။ စက်ဝိုင်းပတ် သံသရာလည်းနေမယ်။

Depression စိတ်ဓါတ်ကျမှုလည်းဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျမှုရှိနေလို့လည်း အဲလိုအမူအကျင့်ပြုတယ်။ Self-esteem ကိုယ့်ကိုယ်ကို အထင်သေးစိတ်ဝင်နိုင်တယ်။ Broken families အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်တယ်။ Unwanted pregnancies မလိုချင်တဲ့ကိုယ်ဝန်ရနိုင်တယ်။

အမေရိကန်သုတေသနမှာ မပါတဲ့အချက်တခုလည်း မြင်မိတယ်။ လူမှုရေး အထင်သေးခံရနိုင်တယ်။ ဒါပေမယ့် အဲလိုလူမျိုးကို အထင်ကြီးအားကျသူလည်း နည်းနည်းတော့ရှိနိုင်တယ်။ သူတို့ရဲ့ အိမ်ထောင်ရေး တယောက်တမျိုးစီ ဖြစ်မယ်။ ဆင်တူခြင်းအိမ်ထောက်ကျတာနဲ့ အဖေါ်မထားဖူးသူနဲ့ အဖေါ်များသူ အိမ်ထောင်ကျတာလည်းရှိမယ်။ အဆင်မပြေလို့ မေးကြတယ်။ အဲလိုမေးတာမျိုး ပို့စ်မတင်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ