HIV Prevention ကာကွယ်ဆေး


• HIV ကို Pre-exposure Prophylaxis (PrEP) ပိုးနဲ့ မတွေ့ခင် ဆေးကြိုတင်သောက်နည်းနဲ့ ကာကွယ်နိုင်တယ်။ လိုအပ်လာလို့ သောက်ရတယ်လို့ ဆိုလိုပါတယ်။
• HIV သံသယရှိတဲ့ လိင်မှုပြုမယ်ဆိုသူတိုင်း Truvada ဆေး ၂ ပြားကို ၂၄ နာရီ ကြိုတင်သောက်ပါ။ တကယ်ပဲ အဲလို အမှုပြုပြီးရင် တရက် ၁ လုံး၊ ၂ ရက်ဆက် သောက်လိုက်ပါ။ ၃ နေရင် ဆေးစစ်ပါ။
• Truvada ဟာ သောက်ဆေးပြားဖြစ်တယ်။ လူကြီးတွေကို တနေ့မှာ Tenofovir (Viread) 300 mg နဲ့ Emtricitabine (Emtriva) 200 mg ပါတဲ့ တွဲထားတဲ့ဆေးဖြစ်တယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ကျောက်ကပ်မကောင်းရင် ဆေးလျှော့ရမယ်။
• ဆေးဝါးဗေဒလို Nucleoside analog reverse transcriptase inhibitors (Nukes) ဖြစ်တယ်။ HIV ရဲ့ RNA ကနေ DNA ဖြစ်လာအောင် ကူညီပေးတဲ့ (အင်ဇိုင်းမ်) အပြောင်းအလဲကို သက်ရောက်စေတယ်။ ဒီဖြစ်စဉ်ဟာ HIV ပိုးရဲ့ Genetic code မျိုးဗီဇ (ကုတ်) ကို ကူးစက်ခံရတဲ့ (ဆဲလ်) ရဲ့ Genetic code မျိုးဗီဇ (ကုတ်) ထဲကို မဝင်နိုင်ခင် လုပ်ပေးတာဖြစ်တယ်။
• Truvada ဆေးကို ၂ဝဝ၄ ကတည်းက ကူးစက်ခံထားရသူတွေအတွက် အသိအမှတ်ပြုထားခဲ့ပါတယ်။ ၁၈ နှစ်အောက် ကလေးလူငယ်တွေနဲ့ Hepatitis B ဘီပိုးရှိနေသူတွေအတွက် စမ်းသပ်မှုတွေ မစုံသေးပါ။ ဆေးမပေးခင် CD4 Cell count နဲ့ Viral load (ဗိုင်းရပ်စ်) အရေအတွက်၊ ရောဂါလက္ခဏာတွေကိုပါ သိရမယ်။ ဒီဆေးနဲ့ တခြား (ARVs) တွေနဲ့ တွဲသောက်သူတွေမှာ (ဗိုင်းရပ်စ်) အရေအတွက် သိသိသာသာ လျှော့လာတာတယ်။ CD4 cell counts တက်လာတယ်။
• ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ ခံစားရတာတွေသက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစားပျက်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ လူတွေမှာ Creatinine နဲ့ Transaminases (အင်ဇိုင်းမ်) တွေတက်တာ ဖြစ်စေနိုင်တယ်။ အသဲ၊ ကျောက်ကပ် မကောင်းရင် ဒါတွေ များနေတယ်။ ရိုးတွင်းခြင်ဆီ အားနည်းစေနိုင်သေးလို့ (ကယ်လ်စီယမ်) နဲ့ ဗီတာမင် (ဒီ) တွေပါ သောက်တာ ကောင်းတယ်။ တချို့မှာ Lactic acid လဲတက်နိုင်တယ်။ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်တယ်။ Lamivudine (Epivir, 3TC), Combivir, Trizivir or Epzicom ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။
• အမေရိကန် ဖက်ဒရယ်လမ်းညွှန်ကို ၁၄-၅-၂ဝ၁၄ နေ့က ထုတ်ထားတယ်။ Truvada ဆေးက ၉၂% ကာကွယ်တယ်။ (ဂေး) တွေ၊ စအိုလမ်းသုံးသူတွေ နေ့တိုင်းသောက်ရတယ်။ ၃ လနေရင် ဆေးစစ်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ