မာလကာရွက်က ဆံပင်ကျွတ်ခြင်းကို ရပ်တန့်စေနိုင်တဲ့အပြင် တောက်ပတဲ့ဆံသားတွေကို ရရှိနိုင်


စားစရာ သစ်သီးဝလံဖြစ်တဲ့အပြင် မာလကာရွက်က ဆံပင်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။

မာလကာရွက်မှာ ဆံပင်တွေအတွက် လိုအပ်တဲ့ ဗီတာမင် ဘီ များစွာပါဝင်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် ဘီ လိုအပ်တဲ့ ပမာဏရရှိမယ်ဆိုရင် ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး ပိုမိုသန်စွမ်းတောက်ပြောင်လာစေမှာ အသေချာပဲဖြစ်ပါတယ်။

မာလကာရွက် လက်တစ်ဆုပ်စာကို ရေ ၁လီတာနဲ့ ၁၅ မိနစ်မှ မိနစ် ၂၀ အကြား ပြုတ်ပေးရမှာ ဖြစ်ပါတယ်။
ပြီးရင်တော့ အခန်းတွင်း အပူချိန်အတိုင်းဖြစ်စေဖို့ အအေးခံပေးပါ။ မာလကာရွက်ပြုတ်ရည်ကို စစ်ပြီး ဆံပင်ကို အရင်းမှ အဖျားးအထိ အသာအယာသုတ်လိမ်း ပေးပါ။ ဦးရေပြားကိုလည်း ပွတ်လိမ်းပေးခြင်းဖြင့် ဆံပင်အဖြစ်တွေအထိ ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

မာလကာရွက်ပြုတ်ရည်နဲ့ ဆံပင်ကိုသုတ်လိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းတွေကို တားဆီးရပ်တန့်ပေးနိုင်ပါတယ်။ ဒီလို မာလကာရွက်ပြုတ်ရည် သုတ်လိမ်းနေစဉ်အတွင်း ဦးရေပြားကို နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်အမြစ်တွေကို ကျန်းမာသန်စွမ်းလာစေတာကြောင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေတာဖြစ်ပါတယ်။

ဆံပင်တွေသန်စွမ်းလာစေရုံသာမက ထူထဲတောက်ပတဲ့ ဆံသားကိုလည်း ပိုင်ဆိုင်လာမှာပါ။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : HealthyRecipe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ