Hemoglobin E ဟီမိုဂလိုဗင် (အီး)


၁။ မင်္ဂလာပါဆရာ။ ကိုယ်ဝန်ဆောင် မိခင်ကို blood test လုပ်တဲ့အခါ ဆရာဝန်က Hb E trait positive ဖြစ်နေလို့ အမျိုးသားကိုပါ ဆေးစစ်ရမယ်လို့ပြောပါတယ်။ တကယ်လို့ အမျိုးကိုစစ်တဲ့အခါ Hb E trait က normal ဆို ရင်သွေးကို စစ်ဖို့မလိုဘူးလို့ပြောပါတယ်ဆရာ။ အဲဒါ ဘာကိုပြောတာလဲဆရာ။

၂။ ဟေမိုဂလိုဗင်အီးအကြောင်း သိပါရစေဆရာ။ မိဘက သယ်ဆောင်သူ ဖြစ်နေရင် ကလေးတွေမှာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ ဘယ်လို ကုသတားဆီး သက်သာအောင် လုပ်လို့ ရနိုင်ပါသလဲ သိပါရစေ။

၃။ ကျွန်တော်တို့ရဲ့ သားဦးရတနာကို ၁၅ ရက် ဇူလိုင့့် မှာ မွေးဖွားပါတယ်။ ဒုတိယနေ့မှာ အသားဝါလို့ Phototherapy လုပ်ရပြီး၊ သွေးတွေအကြိမ်ကြိမ်ဖေါက်လို့ စိတ်မကောင်း ဖြစ်ရပါသေးတယ်။ ၂ ပတ်ပြည့်တော့ မွေးတဲ့ဆေးရုံက ကလေးဆရာဝန်နှင့် follow up လုပ်တော့ Result တခုအရ Hemoglobin E Disease တွေ့တယ်ပြောပြီး Specialist doctor နှင့်တွေ့ ရန်ပြောပါတယ်။ ရက်ချိန်းကလည်း လကုန်မှရပါတယ်။ အခု သားက ၃ ပါတ်ထဲမှာပါ။ စိုးရိမ်ရပါသလားခင်ဗျား။

Hemoglobin E (HbE) ဆိုတာ ပုံမှန်မဟုတ်တဲ့ ဟီမိုဂလိုဘင်ဖြစ်တယ်။ ဟီမိုဂလိုဘင်ဆိုတာက သွေးနီဥထဲမှာရှိပြီး၊ အသက်ရှူတဲ့ထဲက အောက်စီဂျင်ကို အသုံးပြုနိုင်တဲ့ သံဓါတ်နဲ့ လုပ်ထားတာ ဖြစ်တယ်။ အရေးပါလှတယ်။

Homozygous အမျိုးအစားရှိသူတွေမှာ Mild hemolytic anemia သွေးအားနည်းရောဂါ နဲနဲရှိနေတတ်တယ်။ Spleen ဘေလုံး ကြီးနေနိုင်တယ်။ Heterozygous အမျိုးအစားက ဘာလက္ခဏာမှ မပြပါ။ Hb A နဲ့ Hb S ပြီးရင် တတိယ အများဆုံး ဖြစ်တယ်။ အသားမည်းတွေနဲ့ တောင်အာရှမှာ တွေ့ရတာ များတယ်။ Electrophoresis ဓါတ်ခွဲ-စမ်းသပ်နည်းနဲ့သာ ရောဂါကို ခွဲခြားလို့ရတယ်။ Homozygous ရှိသူတွေမှာ ရောဂါရှိလာရင် သွေးသွင်းနေရမယ်။

မိသားစုလိုက်ဖြစ်ရတယ်။ တားဆီးလို့တော့ မရပါ။ ရောဂါလို့ မသတ်မှတ်ပါ။ Iron deficiency anemia သံဓါတ်နည်း-သွေးအားနည်း ရောဂါလဲ ရှိမနေအောင် လုပ်ရမယ်။ သံဓါတ်ဆေး-အစာ ပေး-ကြွေးမယ်။ သွေးအထူးကုဆရာဝန်နဲ့ ပြသ-ကုသရမယ်။

ဟီမိုဂလိုဘင်အမျိုးပေါင်း ရာနဲ့ရှိတယ်။ Hemoglobin A, Hemoglobin A2 နဲ့ Hemoglobin F တွေက ပုံမှန်တွေဖြစ်တယ်။ Hemoglobin S, Hemoglobin C နဲ့ Hemoglobin E တွေက ပုံမှန်မဟုတ်ဘူး။ Hemoglobin Constant Spring, Hemoglobin H နဲ့ Hemoglobin Barts တွေလဲ ရှိသေးတယ်။

• Hemoglobin S ကနေ မျိုးဗီဇရလို့ Sickle/beta-thalassemia ရောဂါဖြစ်မယ်။
• Hemoglobin Constant Spring ကနေ မျိုးဗီဇရလို့ Alpha thalassemia ရောဂါဖြစ်မယ်။
• Hemoglobin E ကနေ မျိုးဗီဇရလို့ Hemoglobin E/beta-thalassemia ပိုဆိုးတဲ့ ရောဂါဖြစ်မယ်။

E ß-thalassemia သွေအားနည်းရောဂါ မှာ ရက်တိုနဲ့ နာတာရှည်ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသဲနဲ့ ဘေလုံးကြီးမယ်။ သွေးခဲပိတ်တာ ဖြစ်ရင် ဘေလုံး ထုတ်ပြစ်ရမယ်။ လူကြီးထွားတာ နှေးမယ်။ လိင်ပိုင်းပြောင်းလဲတာ နှေးတတ်တယ်။ အရိုးတခုခု ဖြစ်တတ်တယ်။ သံဓါတ် ကဲနေတာလဲ ဖြစ်တတ်တယ်။ နှလုံး-အဆုပ်ရောဂါ ဝင်တတ်တယ်။

သွေးအထူးကုဆရာဝန်နဲ့ ပြသနေသင့်တယ်။ ဘေလုံးကြီးနေရင် တချိန်မှာ ဘေလုံး ခွဲထုတ်ရနိုင်တယ်။ Iron overload သံဓါတ်ကဲမနေအောင် စစ်ဆေးနေမယ်။ နှလုံး-အဆုပ်ရောဂါ ဖြစ်မလာအောင် စစ်ဆေးမယ်။

ဟီမိုဂလိုဘင် ရှိသင့်တာထက်များစေတဲ့အကြောင်းတွေ အမျိုးမျိုးရှိတယ်။ တောင်ပေါ်ဒေသမြေအမြင့်မှာနေသူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ပုံမှန်လိုများနေမယ်။ ဓေါ+ဆာဒဓ့တ်နည်းချိန်မှာလဲ များမယ်။ ရောဂါတချို့နေလည်း ဖြစ်စေတယ်။ Emphysema နာတာရှည်အဆုပ်ရောဂါ၊ အကျိတ်တချို့၊ Polycythemia rubra vera ရိုးတွင်းချဉ်ဆီရောဂါတမျိုး နဲ့ Erythropoietin (Epogen) အားကစားသမားတွေတလွံသုံးဆေးတွေကနေဖြစ်စေနိုင်တယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ