Diarrhea (GE) ဝမ်းတလုံးကောင်း ခေါင်းမခဲ (၂)
၁။ Viral gastroenteritis ဗိုင်းရပ်စ်ကြောင့် အစာလမ်းရောင်ခြင်း
၂။ Traveller's diarrhea ခရီးသွားစဉ် ဝမ်းပျက်လျှင်
၃။ Salmonellosis ဆာလ်မိုနယ်လိုဆစ်
၎။ Foodborne E coli infection အစားအစာကနေ အီး-ကိုလိုင်ပိုးဝင်ခြင်း
၅။ Non-cholera Vibrio infections ကာလဝမ်းမဟုတ်တဲ့ ဝမ်းလျှောရောဂါ
၆။ Food poisoning အစာဆိပ်သင့်ခြင်း
၇။ Irritable bowel syndrome ဝမ်းမငြိမ်ရောဂါ
၁။ Viral gastroenteritis ဗိုင်းရပ်စ်ကြောင့် အစာလမ်းရောင်ခြင်း
• ဝမ်းလျှော-ဝမ်းပျက်ဖြစ်သမျှထဲက ၈ဝ% ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတယ်။
• ဆေးမစားတာတောင့် ၇ ရက်ထက်မကြာဘဲ၊ သူ့ဖါသူ ပျောက်နိုင်တယ်။
• ဗိုင်းရပ်စ်က ပါးစပ်ကနေဝင်လာရင် ဝမ်းလျှောတာအပြင် ပျို့ချင်၊ အန်ချင်ဖြစ်မယ်၊ ကိုယ်နဲနဲ ပူနိုင်တယ်၊ ဗိုက်နာမယ်၊ အစားပျက်မယ်။ အစားအသောက်နဲ့ ရေကတဆင့် လူအများကြီးကို ကူးစက်နိုင်တယ်။
• အများဆုံး ဖြစ်စေတဲ့ ပိုးက Norovirus ဖြစ်တယ်။ Rotavirus ကြောင့်ဖြစ်ရင် ကလေးတွေမှာ ဆိုးဝါးတာဖြစ်မယ်။ ခုခံအားနည်းနေတဲ့ လူကြီးတွေလဲ အဲလိုဘဲ။
• Polymerase chain reaction (PCR), Antigen-detecting enzyme immunoassays (EIAs), Immunofluorescence assays (IFAs), Microscopy, Serology နဲ့ Viral culture ဆိုတဲ့ ဓါတ်ခွဲ စမ်းသပ်နည်းတွေနဲ့ ရောဂါကို သေခြာအောင် လုပ်နိုင်ပေမဲ့ လူတိုင်းကို အဲလိုလုပ်ဘို့ မလိုပါ။
• ဖြစ်ရင် ဓါတ်ဆားရေသာ သောက်ပါ။ ဆိုးရင် RL drip IV သွေးကြောထဲဆေးသွင်းပါ။
• ပုံမှန်ဆိုရင် ဝမ်းပိတ်ဆေး၊ အအန်ပျောက်ဆေး၊ ပဋိဇီဝဆေးတွေပေးဘို့ မလိုပါ။
• တကိုယ်ရေ-ပတ်ဝန်းကျင် သန့်ရှင်းရေးတွေနဲ့ ကာကွယ်ပါ။
• ကလေး ငယ်ငယ်လေးတွေအတွက် Rotavirus vaccines ကာကွယ်ဆေးပေါ်နေပြီ။
၂။ Traveller's diarrhea ခရီးသွားစဉ် ဝမ်းပျက်လျှင်
• နေထိုင်ရာဒေသမတူတဲ့တိုင်းပြည်၊ ဒေသ၊ အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံတွေကနေ ဆင်းရဲတဲ့နိုင်ငံတွေကို ခရီးသွားရင် ၂ဝ-၅ဝ% ဝမ်းပျက်နိုင်တယ်။
• ပိုးဝင်ပြီးနောက် ၂ ပါတ်နေရင် ရောဂါရနိုင်တယ်။
• Loperamide ဆေးသောက်နိုင်တယ်။ ဒါ့အပြင် Quinolone antibiotics, Azithromycin, Rifaximin တွေ သောက်ရတယ်။
• Campylobacter infections ဖြစ်တာကိုတော့ Quinolone နဲ့မရလို့ Azithromycin ပေးရတယ်။
၃။ Salmonellosis ဆာလ်မိုနယ်လိုဆစ်
• မချမ်းသာသေးတဲ့တိုင်းပြည်တွေမှာ အဖြစ်များတယ်။ တခါတလေ လူအများကြီးဖြစ်တယ်။ ရောဂါရှာဘို့ ဝမ်းကိုစစ်ရင် ပိုးတွေ့မယ်။ သူ့ဖါသူပျောက်တာများတယ်။ လိုအပ်မှသာ ပဋိဇီဝဆေးပေးဘို့ လိုပါတယ်။
၎။ Foodborne E coli infection အစားအစာကနေ အီး-ကိုလိုင်ပိုးဝင်ခြင်း
• Enterotoxigenic E coli (ETEC) ပိုးအမျိုးအစားဟာ ခရီးသွားဝမ်းပျက်ရောဂါကို အများဆုံး ဖြစ်စေတယ်။
• သူ့ဖါသူပျောက်တာများတယ်။ လိုအပ်ရင် ပဋိဇီဝဆေးပေးပါ။ E coli O157 infection ထဲက ၁ဝ%လောက်မှာ haemolytic uraemic syndrome ဆိုတဲ့ရောဂါ ဆက်ဖြစ်တယ်။
၅။ Non-cholera Vibrio infections ကာလဝမ်း မဟုတ်တဲ့ ဝမ်းလျှောရောဂါ
• V cholera ကနေ ကာလဝမ်းရောဂါရစေပြီး၊ Vibrio species ကနေ ကာလဝမ်းမဟုတ်တဲ့ ဝမ်းလျှောရောဂါရစေတယ်။
• ဝမ်းလျှောတာ၊ အန်တာ၊ sepsis ဖျားနာတာ နဲ့ skin/soft-tissue infection အရေပြားနာတောတွေပါဖြစ်စေနိုင်တယ်။ V vulnificus ပိုးက ပိုဆိုးဆိုးဝါးဝါးဖြစ်စေတယ်။ ခုခံအားနည်းနေသူတွေကို Septic shock ဖြစ်စေပြီး သေဆုံးစေနိုင်တယ်။ အသည်းမကောင်းသတွေလဲ အဲလိုဖြစ်နိုင်တယ်။
• ဆိုးရင် Ceftazidime + Doxycycline ဆေးကို သွေးကြောထဲထိုးပေးရတယ်။ အနာအဆာဖြစ်တာကို ဆေးထည့်တာနဲ့ တခြား ပဋိဇီဝဆေးပေးပါပေးရမယ်။
၆။ Food poisoning အစာဆိပ်သင့်ခြင်း
• အများအားဖြင့်သိပ်မဆိုးပါ။ သူ့ဖါသူပျောက်တယ်။ ဆိုးရင် ဗိုက်နာမယ်၊ ပျို့-အန်မယ်၊ ဝမ်းလျှောမယ်။
၇။ Irritable bowel syndrome ဝမ်းမငြိမ်ရောဂါ
• ဗိုက်နာလိုက်၊ ဝမ်းမကောင်းလိုက်နဲ့ နာတာရှည်ဖြစ်တယ်။
• စားတဲ့အစာက Lactose-containing foods ကြောင့်ဖြစ်တာလား၊ Fructose-containing foods ကြောင့်ဖြစ်တာလား ခွဲခြားရမယ်။
Dr. တင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin